Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 21:10

Judson Bible

သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ၏။ ထို​ကာ​လ၌၊ လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။ အ​ကြောင်း​မူ​ကား၊ ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​အား၊ ဤ​ဆယ်​ပိုင်း​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ နိုင်​ငံ​တော်​ကို ရှော​လ​မုန်​လက်​မှ ငါ​နုတ်၍ ခ​ရိုင်​ဆယ်​ခ​ရိုင်​ကို သင့်​အား​ပေး​မည်။

ဆယ်​ခ​ရိုင်​ကို နုတ်​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ့​ကို​စွန့်၍ ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား ခေ​မု​ရှ၊ အ​မ္မုန်​ဘု​ရား မိ​လ​ကုံ​တို့​ကို ကိုး​ကွယ်​သ​ဖြင့်၊ အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့၌​မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ ငါ့​လမ်း​တို့​သို့​မ​လိုက်။

ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် လာ​ခိ​ရှ​မြို့​မှ ထွက်​သွား​ကြောင်း​ကို ရာ​ဗ​ရှာ​ခ​ကြား​လျှင် ပြန်​သွား၍ လိ​ဗ​န​မြို့​ကို ရှင်​ဘု​ရင်​တိုက်​နေ​သည်​ကို​တွေ့​လေ၏။

ငါ​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​စွန့်။ ထို​ဘု​ရား​သည် ငါ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အာ​ရုန်​အ​မျိုး​ဖြစ်​ကြ၏။ လေ​ဝိ​သား​တို့​သည်​လည်း၊ မိ​မိ​တို့​အ​မှု​ကို စောင့်​နေ​ကြ၏။

အာ​ဇ​ရိ​သည် အာ​သ​မင်း​ကို ကြို​ဆို​ခြင်း​ငှာ သွား​လျက်၊ အို​အာ​သ​မင်း၊ အို​ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန် အ​မျိုး​သား​အ​ပေါင်း​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌​နေ​လျှင်၊ နေ​စဉ်​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ စွန့်​လျှင်​သင်​တို့​ကို စွန့်​တော်​မူ​မည်။

ယု​ဒ​တောင်​တို့​အ​ပေါ်​မှာ၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​လုပ်​သ​ဖြင့်၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​နှင့် မှား​ယွင်း​ရ​မည်​အ​ကြောင်း၊ အ​နိုင်​အ​ထက်​ပြု​သ​တည်း။

ထို​မင်း​လက်​ထက်၌၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်၍၊ ကိုယ်​အ​မျိုး​သား​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။

ယ​ဟော​ရံ​မင်း​သည် မှူး​မတ်​များ၊ ရ​ထား​စီး​သူ​ရဲ​များ​အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ည​အ​ခါ ဝိုင်း​သော​ဧ​ဒုံ​လူ​များ၊ ရ​ထား​အုပ်​များ​ကို လုပ်​ကြံ​လေ၏။

တစ်​ဖန် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​ရေ​မ​လိ​သား ပေ​ကာ​သည် ကြမ်း​တမ်း​စွာ​လုပ်​ကြံ၍၊ ရဲ​ရင့်​သော​ယု​ဒ​အ​မျိုး​သား တစ်​သိန်း​နှစ်​သောင်း​ကို တစ်​နေ့​ချင်း​တွင် သတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​သ​တည်း။

လွန်​ကျူး​သော​သူ​နှင့် ပြစ်​မှား​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​အ​တူ​ရောက်​၍၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။

ငါ၏​လူ​တို့​သည် အ​သက်​စမ်း​ရေ​တွင်း​တည်း​ဟူ​သော၊ ငါ့​ကို​စွန့်​ပစ်၍၊ ရေ​မ​လုံ၊ ပဲ့​ပျက်​သော​ရေ​ကျင်း​တို့​ကို တူး​သော​အား​ဖြင့် ဒု​စ​ရိုက်​နှစ်​ပါး​ကို ပြု​ကြ​ပြီ။

သင်၏ ဒု​စ​ရိုက်​သည် သင့်​ကို​ဆုံး​မ​မည်။ သင်၏​ဖောက်​ပြန်​ခြင်း​သည် သင့်​ကို အ​ပြစ်​ပေး​မည်။ သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​အ​မှု၊ ငါ့​ကို​မ​ကြောက်​ဘဲ နေ​သော​အ​မှု​သည်၊ မ​ကောင်း​သော​အ​မှု၊ ခါး​သော​အ​မှု​ဖြစ်​သည်​ကို သိ​မြင်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​ခါ ငါ​သည်​အ​မျက်​တော်​ထွက်၍ သူ​တို့​ကို​စွန့်​မည်။ သူ​တို့​မှ ငါ့​မျက်​နှာ​ကို လွှဲ​သ​ဖြင့်၊ သူ​တို့​သည်​ပျက်​စီး၍ ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​က၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် ရှိ​တော်​မ​မူ​သော​ကြောင့်၊ ဤ​ဘေး​ဒဏ်​တို့​သည် ငါ​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ​လိမ့်​မည်။

ဘု​ရား​မ​ဟုတ်​သော​အ​ရာ​အား​ဖြင့် ငါ​သည် ငြူ​စူ​သော​စိတ်​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ အ​ချည်း​နှီး​သော​အ​ရာ​အား​ဖြင့် ငါ့​အ​မျက်​ကို နှိုး​ဆော်​ကြ​ပြီ။ သို့​ဖြစ်၍ မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။

ထို​နောက် ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မ​က္က​ဒါ​မြို့​မှ လိ​ဗ​န​မြို့​သို့​ချီ​သွား၍ တိုက်​သ​ဖြင့်၊

လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဟေ​ဗြုန်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏ သား​မြေး​တို့​အား​ပေး​ကြ၏။

သို့​သော်​လည်း သင်​တို့​သည် ငါ့​ကို​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​သော​ကြောင့်၊ နောက်​တစ်​ဖန် ငါ​မ​ကယ်​နုတ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ