ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
အာသဟေလ၏အလောင်းကိုထမ်းသွား၍ ဗက်လင်မြို့၌ရှိသော သူ့အဘ၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။ ယွာဘနှင့် သူ၏လူတို့သည် တစ်ညလုံးသွား၍၊ မိုးလင်းစတွင် ဟေဗြုန်မြို့သို့ရောက်ကြ၏။
ယောရှဖတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ထိုအခါ မရေရှမြို့သူ၊ ဒေါဒေဝသား ဧလျေဇက၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဖော်သောကြောင့်၊ ထာဝရဘုရားသည် မင်းကြီးပြုသောအမှုကို ဖျက်တော်မူပြီးဟု ယောရှဖတ်တစ်ဖက်၌ ဟောသည်နှင့်အညီ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့မသွားနိုင်အောင် ကျိုးပဲ့ကြ၏။
ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ်သူမျှမနှမြောဘဲ သေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။
ဘိုးဘေးတို့နှင့်အိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။