တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ရောက်ကြ၏။
စိရတောင်ပေါ်မှာဟောရိလူများကိုလည်းကောင်း လုပ်ကြံ၍၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။
ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူအပေါင်းတို့သည် တစ်ယောက်မျှမလွတ်၊ မြေပေါ်မှာလဲသော အသေကောင်ဖြစ်ကြ၏။
ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ရန်ပြုစေခြင်းငှာ ငါနှိုးဆော်သဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တစ်ယောက်နှင့် တစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်နှင့် တစ်ယောက်၊ တစ်မြို့နှင့် တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်တိုက်ကြလိမ့်မည်။
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တစ်ဖက်၌ ဓားကို ငါမှာလိုက်သဖြင့်၊ လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ဓားနှင့် ခုတ်ကြလိမ့်မည်။
တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကိုမှောက်လှန်၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲတို့သည် တစ်ယောက်ကို တစ်ယောက်ခုတ်၍ လဲကြလိမ့်မည်။
သူတို့ကိုအလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အားငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးပြီ။
ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။
လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏တန်ခိုးတော်ကြောင့်၊ တပ်သားအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်၍၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့လည်းကောင်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလ မြို့နယ်သို့လည်းကောင်း ပြေးကြ၏။
မိမိနှင့်လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် နှိုးဆော်လျက် စစ်ချီ၍ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တစ်ယောက်ကိုတစ်ယောက် ခုတ်သဖြင့် အလွန်တပ်ပျက်လေ၏။