Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 20:1

Judson Bible

ထို​နောက်​မှ၊ မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဧ​ဒုံ​အ​မျိုး​သား​အ​ချို့​နှင့်​တ​ကွ၊ ယော​ရှ​ဖတ်​ကို စစ်​တိုက်​မည်​ဟု ချီ​လာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ထက်​ဆို​ခဲ့​ပြီး​သော သူ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၌ သွား၍၊ သိုး​ကျက်​စား​စ​ရာ ကောင်း​သော​အ​ရပ်​ကို တွေ့​သော​ကြောင့်၊ အ​ရပ်​သား နေ​ရာ​ရွာ​တို့​ကို​လုပ်​ကြံ၍၊ ရှင်း​ရှင်း​ဖျက်​ဆီး​ပြီး​မှ ယ​နေ့​တိုင်​အောင် နေ​ကြ၏။

အာ​သ​မင်း၌ ကိ​ဒုန်​နှင့်​လှံ​ကို​ကိုင်​သော ယု​ဒ​အ​မျိုး​သူ​ရဲ သုံး​သိန်း၊ ဒိုင်း​လွှား​နှင့်​လေး​ကို​ကိုင်​သော ဗင်္ယာ​မိန်​အ​မျိုး​သူ​ရဲ နှစ်​သိန်း​ရှစ်​သောင်း​ရှိ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​အ​ရာ​ရာ​တွင်၊ ယဇ်​ပု​ရော​ဟိတ်​မင်း အာ​မ​ရိ​သည် သင်​တို့​ကို အုပ်​ချုပ်​ရ၏။ ရှင်​ဘု​ရင်၏ အ​မှု​အ​ရာ​ရာ​တွင်၊ ယု​ဒ​အ​မျိုး​မှာ မင်း​ဖြစ်​သော ဣ​ရှ​မေ​လ​သား​ဇေ​ဗ​ဒိ​သည် အုပ်​ချုပ်​ရ၏။ လေ​ဝိ​သား​တို့​သည်​လည်း၊ အ​မှု​ထမ်း​လု​လင် လုပ်​ရ​ကြ၏။ ရဲ​ရင့်​စွာ စီ​ရင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သူ​တို့​ဘက်​မှာ နေ​တော်​မူ​မည်​ဟု မှာ​ထား​တော်​မူ၏။

ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။

ယု​ဒ​နိုင်​ငံ​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ အ​သီး​အ​သီး​တို့၌ တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား၍၊

ယ​ခု​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ တိုက်​ရ​သော​အ​ခွင့် ပေး​တော်​မ​မူ။ လွှဲ​ရှောင်၍ မ​ဖျက်​ဆီး​ဘဲ​ထား​ခဲ့​သော အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ စိ​ရ​တောင်​သား​တို့​သည်၊

ဘု​ရား​သ​ခင်​သည် ဖိ​လိ​တ္တိ​လူ၊ ဂု​ရ​ဗာ​လ​မြို့​မှာ နေ​သော​အာ​ရပ်​လူ၊ မ​ဟု​နိမ်​လူ​တို့​တစ်​ဖက်၌ သူ့​ကို​မ​စ​တော်​မူ၏။

ထို​အ​မှု​များ​တို့​ကို လက်​စ​သတ်​သည်​နောက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်၊ ယု​ဒ​ပြည်​သို့​စစ်​ချီ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို ဝိုင်း​ထား​လျက် တိုက်​ယူ​ခြင်း​ငှာ အား​ထုတ်​လေ၏။

မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော​မာ​န​ဖြစ်၏။ ထောင်​လွှား​စော်​ကား​ခြင်း၊ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ရှိ၍၊ အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​တတ်၏။

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​သား​ဖြစ်​သော၊ ယော​သံ၏​သား​အာ​ခတ်​မင်း​လက်​ထက်၌၊ ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇိန်​မင်း​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​မင်း၏​သား ပေ​ကာ​မင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခြင်း​ငှာ ချီ​လာ​ကြ၏။ သို့​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ကြ။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ဆုံး​မ​တော်​မူ​လျှင်၊ အ​ကျိုး​နည်း​စေ​ခြင်း​ငှာ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တ​ရား​တော်​အ​တိုင်း​သာ ဆုံး​မ​တော်​မူ​ပါ။

အ​မ္မုန်​အ​မျိုး​သား​တို့​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ၌ သား​မ​ရှိ​သ​လော။ အ​မွေ​ခံ မ​ရှိ​သ​လော။ မိ​လ​ကုံ​ဘု​ရား​သည် ဂဒ်​ပြည်​ကို အ​ဘယ်​ကြောင့် သိမ်း​ယူ​သ​နည်း။ သူ့​တ​ပည့်​တို့​သည် ဂဒ်​မြို့​တို့၌ အ​ဘယ်​ကြောင့် နေ​ကြ​သ​နည်း။

ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ