၂ ရာချုပ် 2:8Judson Bibleအာရဇ်သစ်သား၊ ထင်းရှူးသစ်သား၊ အာလဂုံသစ်သားများကို လေဗနုန်တောင်မှာ ခုတ်၍ပေးလိုက်ပါ။ မင်းကြီး၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည်ကို ငါသိ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီး၏ကျွန်တို့သည် ငါ့အဖို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှာ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါတို့တွင် အဘယ်သူမျှ မခုတ်တတ်သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
ဒါဝိဒ်ကလည်း၊ ငါ့သားရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ ထာဝရဘုရားအဖို့ တည်ရသောအိမ်မူကား အလွန်ထူးဆန်းသောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်းအသရေကျော်စောသောအိမ် ဖြစ်ရမည်။ ယခုပင် အိမ်တော်အဖို့ ငါပြင်ဆင်မည်ဟု အကြံရှိလျက် အနိစ္စမရောက်မီ များစွာပြင်ဆင်တော်မူ၏။