Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 2:7

Judson Bible

ယ​ခု​မှာ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပြာ​သော​အ​ထည်​ကို လုပ်​တတ်​သော​အ​တတ်၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​ပြင်​ဆင်၍ ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​ပြည်၌ ငါ့​ထံ​မှာ​ရှိ​သော ဆ​ရာ​သ​မား​တို့​နှင့် ဝိုင်း၍ ထု​လုပ်​တတ်​သော အ​တတ်​နှင့်​ပြည့်​စုံ​သော သူ​တစ်​ယောက်​ကို ငါ့​ထံ​သို့​စေ​လွှတ်​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဩ​ဖိ​ရ​မြို့​မှ ရွှေ​ကို​ဆောင်​ခဲ့​သော ဟိ​ရံ​သင်္ဘော​တို့​သည် အာ​လ​ဂုံ​သစ်​သား​များ၊ ကျောက်​မြတ်​များ​ကို​လည်း ဆောင်​ခဲ့​ကြ၏။

ထို​ဟိ​ရံ​ကား၊ နဿ​လိ​အ​မျိုး​မု​ဆိုး​မ​သား​ဖြစ်၏။ သူ၏​အ​ဘ​ကား၊ တု​ရု​အ​မျိုး​သား​ပန်း​တဉ်း​သ​မား​ဖြစ်၏။ သား​သည်​လည်း ကြေး​ဝါ​အ​လုပ်​ခပ်​သိမ်း​ကို လုပ်​တတ်​သော​ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့​လာ၍ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ၏။

အ​ကြောင်း​မူ​ကား၊ သူ၏​ဘု​ရား​သ​ခင်​သည် စီ​ရင်​တတ်​သော ဉာဏ်​ကို​ပေး​တော်​မူ၏။ သူ့​ကို​လည်း သွန်​သင်​တော်​မူ၏။

ထို​အ​မှု​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား အ​ကြံ​ပေး​တော်​မူ​သော​အ​မှု​တည်း။ အ​ကြံ​ပေး​တော်​မူ​ခြင်း​သည် အံ့​ဩ​ဖွယ်​ဖြစ်၏။ ဉာဏ်​တော်​သည်​လည်း ထူး​ဆန်း​ပေ၏။

တစ်​ပါး​အ​မျိုး​တို့​သည် သင်၏​မြို့​ရိုး​ကို တည်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည်​လည်း သင့်​ကို ပြု​စု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​မျက်​ထွက်၍ သင့်​ကို​ဒဏ်​ခတ်​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် သ​နား​ဦး​မည်။

သင်၏​ပျဉ်​ပြား​ရှိ​သ​မျှ​တို့​ကို စေ​နိ​ရ​ထင်း​ရှူး​သစ်​သား​ဖြင့် လုပ်၍၊ ရွက်​တိုင်​ဖို့ လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​ကို ယူ​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ