၂ ရာချုပ် 2:3Judson Bibleတုရုမင်းကြီးဟိရံထံသို့ စေလွှတ်၍၊ မင်းကြီးသည် ငါ့အဘဒါဝိဒ်၏ နန်းတော်ဆောက်စရာဖို့ အာရဇ်သစ်သားကို ပေးလိုက်သည်နည်းတူ ငါ၌တစ်ဖန် ကျေးဇူးပြုပါလော့။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဉ့်ဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကိုလည်းကောင်း၊ ညဉ့်ဦးတိုင်းထွန်းစရာဖို့ ရွှေမီးခုံနှင့် မီးခွက်တို့ကိုလည်းကောင်း ပြင်ဆင်ကြ၏။ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရား၏အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ကြပြီ။
ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာ ထင်းပူဇော်သကာကို၊ တစ်နှစ်တစ်နှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ဘုရားသခင်၏ အိမ်တော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသား ပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။