Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 19:6

Judson Bible

သင်​တို့​ပြု​သော​အ​မှု​ကို သ​တိ​ပြု​ကြ​လော့။ လူ၏​အ​မှု​ကို​စောင့်၍ တ​ရား​စီ​ရင်​သည်​မ​ဟုတ်။ သင်​တို့​စီ​ရင်​ရာ​တွင်၊ ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်၍ စီ​ရင်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သ​တိ​ပြု​လော့။ သန့်​ရှင်း​ရာ​ဌာ​န​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သင့်​ကို ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​ကြောင့်၊ အား​ယူ၍ တည်​ဆောက်​လော့​ဟု မှာ​ထား​တော်​မူ၏။

ကျေး​ရွာ၌ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​ခြင်း၊ တ​ရား​လမ်း​မှ​လွှဲ၍၊ မ​တ​ရား​သ​ဖြင့် အ​နိုင်​အ​ထက်​စီ​ရင်​ဆုံး​ဖြတ်​ခြင်း အ​မှု​ကို​မြင်​လျှင်၊ ထို​သို့​သော​အ​ကြံ​ရှိ​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။ ကြီး​မြင့်​သော​သူ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​မှတ်​သ​ကဲ့​သို့၊ အ​ကြီး​ဆုံး၊ အ​မြင့်​ဆုံး​သော​သူ​သည် ကြည့်​မှတ်​လျက် ရှိ​တော်​မူ၏။

တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။

ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။-

တပ်​မှူး​သည်​ကြား​လျှင် စစ်​သူ​ကြီး​ထံ​သို့​သွား၍၊ အ​ဘယ်​သို့​ပြု​မည်​ကို သ​တိ​ထား​ပါ​လော့။ ဤ​သူ​သည် ရော​မ​လူ​ဖြစ်​ပါ​သည်​ဟု ကြား​လျှောက်၏။-

ဣ​သ​ရေ​လ​လူ​တို့၊ ဤ​သူ​တို့​အား အ​ဘယ်​သို့​ပြု​မည်​အ​ရာ​ကို သ​တိ​နှင့်​ဆင်​ခြင်​ကြ​လော့။-

တ​ရား​အ​မှု​ကို​စီ​ရင်​သော​အ​ခါ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​ထောက်​ရ။ လူ​ငယ်​စ​ကား​ကို လူ​ကြီး​စ​ကား​ကဲ့​သို့ မှတ်​ရ​မည်။ အ​ဘယ်​လူ​ကို​မျှ မ​ကြောက်​ရ။ အ​ကြောင်း​မူ​ကား၊ တ​ရား​အ​မှု​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ကြောင့်​တည်း။ ကိုယ်​တိုင်​မ​စီ​ရင်​တတ်​သော​အ​မှု​ကို ငါ့​ထံ​မှာ​အ​ယူ​ခံ​ရ​မည်။ ငါ​လည်း​နား​ထောင်​မည်​ဟု မှာ​ခဲ့၏။

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​တိုင်း ကျင့်၍၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​ခြင်း၊ လမ်း​တော်​အ​လုံး​စုံ​တို့၌ လိုက်​သွား​ခြင်း၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း၊ ကိုယ်​တော်၌ ဆည်း​ကပ်​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း​ငှာ​ကြိုး​စား၍ သ​တိ​ပြု​ကြ​လော့​ဟု​မှာ​ထား​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ