Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 19:5

Judson Bible

ယု​ဒ​နိုင်​ငံ​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ အ​သီး​အ​သီး​တို့၌ တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​မှု​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​စေ​ခြင်း​ငှာ လေ​ဝိ​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​အ​ချို့​တို့​ကို ခန့်​ထား၍၊

ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

အ​ရင်​ကျောက်​အ​စား၌ အ​ခြား​သော​ကျောက်​ကို​ယူ၍ ထည့်​ပြီး​လျှင်၊ အ​သစ်​သော​အင်္ဂ​တေ​နှင့် မွမ်း​မံ​ရ​မည်။

လူ​အ​သက်​ကို မ​သတ်​ရ။ သတ်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။-

ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။-

တ​ရား​အ​မှု​ကို​စီ​ရင်​သော​အ​ခါ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​ထောက်​ရ။ လူ​ငယ်​စ​ကား​ကို လူ​ကြီး​စ​ကား​ကဲ့​သို့ မှတ်​ရ​မည်။ အ​ဘယ်​လူ​ကို​မျှ မ​ကြောက်​ရ။ အ​ကြောင်း​မူ​ကား၊ တ​ရား​အ​မှု​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ကြောင့်​တည်း။ ကိုယ်​တိုင်​မ​စီ​ရင်​တတ်​သော​အ​မှု​ကို ငါ့​ထံ​မှာ​အ​ယူ​ခံ​ရ​မည်။ ငါ​လည်း​နား​ထောင်​မည်​ဟု မှာ​ခဲ့၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ