၂ ရာချုပ် 19:4Judson Bibleထိုနောက်၊ ယောရှဖတ်သည် ယေရုရှလင်မြို့၌နေ၏။ တစ်ဖန် ဗေရရှေဘမြို့မှစ၍၊ ဧဖရိမ်တောင်တိုင်အောင် လှည့်လည်သဖြင့်၊ ပြည်သားတို့ကို ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်စေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေးနှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့် အဘတို့ကိုလည်းကောင်း၊ အဘတို့နှင့် သားတို့ကိုလည်းကောင်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော်မူ၏။ ဓမ္မဟောင်းကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော၊ ပရောဖက်မာလခိ စီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။
အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။-