၂ ရာချုပ် 19:2Judson Bibleဟာနန်သား ပရောဖက်ယေဟုသည်၊ ယောရှဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင့်သလော။ ထာဝရဘုရားကို မုန်းသောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အမျက်တော်သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။ အခန်းကိုကြည့်ပါ။ |
ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသောအပြစ်ကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
အမြို့မြို့၌နေသော အမျိုးသားချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားကို လွန်ကျူးခြင်းအမှု မည်သည်ကား၊ သင်တို့ရှေ့သို့ရောက်လျှင်၊ သင်တို့နှင့် အမျိုးသားချင်းတို့အပေါ်သို့ အမျက်တော် သက်ရောက်စေခြင်းငှာ၊ သူတို့သည် ထာဝရဘုရားကို မပြစ်မှားရမည်အကြောင်း သတိပေးကြလော့။ သို့ပြုလျှင်၊ ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည်။
ဆီးတားသဖြင့်၊ အိုဩဇိမင်း၊ ကိုယ်တော်သည် ထာဝရဘုရားအား နံ့သာပေါင်းကို မီးရှို့ခြင်းအမှုနှင့် မဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့စေခြင်းငှာ၊ ခန့်ထားသော အာရုန်သားယဇ်ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်းရာဌာနထဲက ထွက်သွားလော့။ ကိုယ်တော်သည် ပြစ်မှားပြီ။ ထာဝရအရှင် ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော်အသရေပျက်လိမ့်မည်ဟု ဆိုကြလျှင်၊