Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 18:7

Judson Bible

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော သူ​တစ်​ယောက်၊ ဣ​မ​လ​သား​မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင်၊ ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ အ​စဉ်​ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က၊ ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

တွေ့​မြင်​သော​အ​ခါ၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နှောင့်​ယှက်​သော​သူ​မှန်​သ​လော​ဟု​မေး​လျှင်၊

ယေ​ဇ​ဗေ​လ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တို့​ကို ပယ်​ဖြတ်​သော​အ​ခါ၊ ဩ​ဗ​ဒိ​သည် ပ​ရော​ဖက်​တစ်​ရာ​ကို မြေ​တွင်း​ထဲ​မှာ ငါး​ဆယ်​စီ​ဝှက်​ထား​ပြီး​လျှင်၊ မုန့်​နှင့်​ရေ​ကို​ပေး၍ ကျွေး​လေ၏။

ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

အာ​ဟပ်​က​လည်း၊ အ​ချင်း​ရန်​သူ၊ ငါ​နှင့်​တွေ့​ပြီ​လော​ဟု ဧ​လိ​ယ​အား​ဆို​လျှင်၊ ဧ​လိ​ယ​က​သင်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​ကြောင့် သင်​နှင့်​ငါ​တွေ့​ပြီ။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော​သူ​တစ်​ယောက် ဣ​မ​လ​သား မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင် ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို မ​ဟော။ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။

ယော​ရံ​သည် ယေ​ဟု​ကို​မြင်​လျှင်၊ ယေ​ဟု ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု မေး​သော်၊ ယေ​ဟု​က၊ သင့်​အ​မိ​ယေ​ဇ​ဗေ​လ​ပြု​သော အ​ဓ​မ္မ​မေ​ထုန်​အ​မှု၊ ပြု​စား​သော​အ​မှု များ​သော​ကာ​လ​အ​တွင်း​တွင်၊ အ​ဘယ်​သို့​သော ငြိမ်​သက်​ခြင်း​ရှိ​လိမ့်​မည်​နည်း​ဟု ပြန်​ပြော​သော်၊

မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။

ယော​ရှ​ဖတ်​က​လည်း၊ ငါ​တို့​မေး​မြန်း​စ​ရာ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​မျှ​မ​ရှိ​သ​လော​ဟု မေး​သော်၊

ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ရာ​ရှိ​တစ်​ယောက်​ကို ခေါ်၍၊ ဣ​မ​လ​သား​မိ​က္ခာ​ကို အ​လျင်​အ​မြန်​ခေါ်​ခဲ့​ဟု မိန့်​တော်​မူ၏။

မ​တ​ရား​သော​သူ​မူ​ကား၊ ဘေး​ဖြင့်​အ​သက်​ဆုံး​ခြင်း​သို့ ရောက်​ရ​မည်။ ဖြောင့်​မတ်​သော​သူ​ကို မုန်း​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။

သူ​တို့​သည် အ​ကျွန်ုပ်​အ​ပေါ်၌ အ​ပြစ်​ကို​သက်​ရောက်​စေ၍၊ ဒေါ​သ​စိတ်​နှင့် မုန်း​ကြ​ပါ၏။

အ​ကျွန်ုပ်​ကို ရွှံ့​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ။ နစ်​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့ လက်​မှ​လည်း​ကောင်း၊ နက်​သော​ရေ​ထဲ​က​လည်း​ကောင်း လွှတ်​ပါ​စေ​သော။

နား​ထောင်​တတ်​သော​သူ​ကို လျောက်​ပတ်​စွာ ဆုံး​မ​တတ်​သော​သူ​သည် ရွှေ​နား​တောင်း​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

လူ​အ​သက်​ကို သတ်​တတ်​သော​သူ​တို့​သည် စုံ​လင်​သော​သူ​ကို မုန်း​တတ်​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ သူ​တစ်​ပါး​အ​သက်​ကို စောင့်​မ​တတ်​ကြ၏။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို မ​ဆုံး​မ​နှင့်။ သင့်​ကို​မုန်း​လိမ့်​မည်။ ပ​ညာ​ရှိ​ကို​အ​ပြစ်​ပြ​လော့။ သူ​သည် သင့်​ကို​ချစ်​လိမ့်​မည်။

သူ​တို့​က​လည်း၊ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ပါ​နှင့်​ဟု ဗျာ​ဒိတ်​ခံ​သော သူ​တို့​အား​လည်း​ကောင်း၊ မှန်​သော​စ​ကား​ကို ငါ​တို့​အား မ​ဟော​ပါ​နှင့်။ ချော့​မော့​သော​စ​ကား​ကို ပြော​ကြ​ပါ။ လှည့်​စား​သော​စ​ကား​ကို ဟော​ကြ​ပါ။

သူ​တို့​က​လည်း လာ​ကြ။ ယေ​ရ​မိ​တစ်​ဖက်၌ ကြံ​စည်​ကြ​ကုန်​အံ့။ ယဇ်​ပု​ရော​ဟိတ်​သည် တ​ရား​အ​မှု၌​လည်း​ကောင်း၊ ပ​ညာ​ရှိ​သော​သူ​သည် အ​ကြံ​ပေး​ခြင်း​အ​မှု၌​လည်း​ကောင်း၊ ပ​ရော​ဖက်​သည် ဟော​ပြော​ခြင်း​အ​မှု၌​လည်း​ကောင်း အ​ရှုံး​မ​ခံ​ရ။ လာ​ကြ။ ယေ​ရ​မိ​ကို လျှာ​နှင့်​ရိုက်​ကြ​ကုန်​အံ့။ သူ၏​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ကုန်​အံ့​ဟု​ဆို​ကြ၏။

ထို​မှူး​မတ်​တို့​သည် ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဤ​သူ​သည် ဤ​သို့​သော​စ​ကား​ကို​ပြော​သ​ဖြင့်၊ မြို့​ထဲ​မှာ ကျန်​ကြွင်း​သေး​သော စစ်​သူ​ရဲ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့၏​လက်​ကို အား​လျော့​စေ​တတ်​ပါ၏။ သူ​သည် ဤ​လူ​မျိုး၏​အ​ကျိုး​ကို မ​ပြု​စု​တတ်၊ ဖျက်​ဆီး​တတ်​ပါ၏။ ထို​ကြောင့်၊ သူ့​ကို ကွပ်​မျက်​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊

မြို့​တံ​ခါး​ဝ​တွင် ဆုံး​မ​တတ်​သော​သူ​ကို မုန်း၍ ဖြောင့်​မတ်​စွာ ပြော​တတ်​သော​သူ​ကို ရွံ​ရှာ​ကြ​ပြီ​တ​ကား။

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဆီး​တား​ခြင်း​ကို ခံ​ရ​သ​လော။ ဤ​အ​မှု​တို့​ကို ပြု​တော်​မူ​သ​လော​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​မေး​လျှင်၊ ဖြောင့်​မတ်​စွာ ကျင့်​သော​သူ​သည် ငါ့​စ​ကား​အား​ဖြင့် အ​ကျိုး​ကို ရ​သည်​မ​ဟုတ်​လော။

ဦး​ခေါင်း​ကို ယူ​ခဲ့​ဟု အ​မိန့်​တော်​ရှိ​လျက် လူ​စောင့်​တစ်​ယောက်​ကို ချက်​ချင်း​စေ​လွှတ်​လျှင်၊ လူ​စောင့်​သည်​သွား၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​လေ၏။-

ပယ်​ရှား​နှင်​ထုတ်၍ ကဲ့​ရဲ့​ခြင်း၊ အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ပြု​သော​အ​ခါ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-

ငါ​သည် အ​ခြား​သူ​မ​ပြု​ဖူး​သော​အ​မှု​ကို ထို​သူ​တို့​ရှေ့​မှာ​မ​ပြု​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ သူ​တို့​သည် ထို​အ​မှု​ကို​မြင်​ရ၍ ငါ​နှင့် ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ၏။-

လော​ကီ​သား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မုန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သူ​တို့၏​အ​ကျင့်​ဆိုး​ညစ်​ကြောင်း​ကို သက်​သေ​ခံ၏။-

ယ​ခု​မူ​ကား၊ ငါ​သည် သ​မ္မာ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သော​ကြောင့် သင်​တို့၏​ရန်​သူ ဖြစ်​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ