Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 18:4

Judson Bible

တစ်​ဖန် ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ယ​နေ့​မေး​မြန်း​ပါ​လော့​ဟု ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အား​ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက် ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​သည် ယု​ဒ​မြို့ တစ်​စုံ​တစ်​မြို့​သို့ သွား​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့​ဟု​မိန့်​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း အ​ဘယ်​မြို့​သို့ သွား​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဗြုန်​မြို့​သို့​သွား​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ငါ​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်​သို့ ဆက်​ဆက်​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ဒါ​ဝိဒ်​သည်​လည်း​မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ တည့်​တည့်​မ​တက်​ရ။ သူ​တို့​နောက်​သို့​ဝိုင်း၍ ပိုး​စာ​တော​တစ်​ဖက်၌ ချီ​ရ​မည်။

ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ ငါ​နှင့်​အ​တူ လိုက်​မည်​လော​ဟု​မေး​လျှင်၊ ယော​ရှ​ဖတ်​က၊ ငါ​သည် မင်း​ကြီး​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​လူ​တို့​သည် မင်း​ကြီး၏​လူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျက်၊ မင်း​ကြီး​နှင့်​ဝိုင်း၍ စစ်​တိုက်​မည်​ဟု ပြန်​ပြော၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ​ကောင်း​သ​လော​ဟု မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို​စေ​လွှတ်​သော ယု​ဒ​ရှင်​ဘု​ရင်​ကြား​သော ကျမ်း​စ​ကား​ကို ရည်​ဆောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို ထို​ရှင်​ဘု​ရင်​အား တစ်​ဖန်​ပြန်​လျှောက်​ရ​မည်​ကား၊

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ငါ့​ထံ၌ မေး​လျှောက်​ခြင်း​ငှာ လာ​ကြ​သ​လော။ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင်​တို့ မေး​လျှောက်​ခြင်း​ကို ငါ​မ​ခံ။

အ​ကျွန်ုပ်​သည် ထို​ဖိ​လိ​တ္တိ​လူ​တို့​ကို သွား၍ လုပ်​ကြံ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ၍ ကိ​လ​မြို့​ကို ကယ်​တင်​လော့​ဟု ဒါ​ဝိဒ်​အား​မိန့်​တော်​မူ၏။

တစ်​ဖန် ဒါ​ဝိဒ်​သည် ထပ်၍ ထာ​ဝ​ရ​ဘု​ရား​အား​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ထ၍ ကိ​လ​မြို့​သို့ သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ