Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 18:22

Judson Bible

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ကို မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့၌ သွင်း​တော်​မူ​ပြီ။ မင်း​ကြီး၏​အ​မှု​မှာ အ​မင်္ဂ​လာ​စ​ကား​ကို ပြော​တော်​မူ​ပြီ​ဟု ဟော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု​မင်း​ကြီး​အား ငါ​မ​ပြော​သ​လော​ဟု ယော​ရှ​ဖတ်​အား​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​က၊ အ​ဘယ်​သို့ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ကျွန်ုပ်​သွား၍ ထို​မင်း​ကြီး၏ ပ​ရော​ဖက်​အ​ပေါင်း​တို့​ထဲ​မှာ၊ မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ဖြစ်​ပါ​မည်​ဟု ပြန်​လျှောက်​သော် သင်​သည်​သွေး​ဆောင်၍ နိုင်​လိမ့်​မည်။ ထို​သို့​သွား၍ ပြု​လော့​ဟု မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော သူ​တစ်​ယောက်၊ ဣ​မ​လ​သား​မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင်၊ ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ အ​စဉ်​ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က၊ ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​က၊ လေ​ဗ​နုန်​ဆူး​ပင်​သည် လေ​ဗ​နုန်​အာ​ရဇ်​ပင်​ထံ​သို့ စေ​လွှတ်၍၊ သင့်​သ​မီး​ကို ငါ့​သား​နှင့်​ပေး​စား​ပါ​ဟု ဆို​စဉ်​တွင်၊ လေ​ဗ​နုန်​သား​ရဲ​တစ်​ကောင်​သည် လျှောက်​သွား၍ ဆူး​ပင်​ကို​နင်း​မိ၏။

တန်​ခိုး​တော်၊ ဉာဏ်​တော်​နှင့်​ပြည့်​စုံ၍၊ မှား​သော​သူ​နှင့် မှား​စေ​သော​သူ​တို့​ကို ပိုင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍​ရောက်​လျှင်၊ သင်၌ ငါ​အပ်​သော အံ့​ဖွယ်​သော​အ​မှု​အ​လုံး​စုံ​တို့​ကို ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ပြ​လော့။ ထို​သို့​ပြ​သော်​လည်း သူ၏​နှ​လုံး​ကို​ငါ​ခိုင်​မာ​စေ၍၊ သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်၏​အ​လယ်၌ ယစ်​မူး​သော​သ​ဘော​ကို ပြင်​ဆင်​တော်​မူ​သ​ဖြင့်၊ ယစ်​မူး​သော​သူ​သည် မိ​မိ​အန်​ဖတ်၌ လဲ​သ​ကဲ့​သို့၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မှား​ယွင်း​ကြ​ပြီ။

မ​တ​ရား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မ​ကောင်း​သော​အ​မှု​နှင့် တွေ့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​ကျင့်​သော အ​ကျင့်​တို့၏​အ​ပြစ်​ကို သူ၌​ဆပ်​ပေး​ရ​လိမ့်​မည်။

ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​အ​ဖို့ ဘေး​ဒဏ်​ကို ငါ​ပြင်​ဆင်၏။ သင်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ငါ​ကြံ​စည်၏။ သို့​ဖြစ်၍၊ ဆိုး​သော​လမ်း​မှ အ​သီး​အ​သီး ပြန်​လာ​ကြ​လော့။ သင်​တို့​လိုက်​သော​လမ်း​နှင့် သင်​တို့​ကျင့်​သော အ​ကျင့်​ကို ဖြောင့်​စေ​ကြ​လော့​ဟု၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ဆင့်​ဆို​လော့။

ပ​ရော​ဖက်​သည် ဟော​ပြော၍ မှား​ယွင်း​လျှင်၊ ထို​ပ​ရော​ဖက်​ကို ငါ​ထာ​ဝ​ရ​ဘု​ရား မှား​ယွင်း​စေ၏။ ထို​သူ​ကို ငါ​သည်​ဒဏ်​ခတ်၍၊ ငါ၏ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​မှ ပယ်​ရှား​မည်။

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​လည်​ပင်း မ​လွတ်၊ ခေါင်း​မ​ကြွ​နိုင်​သော ဘေး​ဒဏ်​ကို ထို​သို့​သော အိမ်​ထောင်​တစ်​ဖက်၌ ငါ​ကြံ​စည်၏။ ဆိုး​သော​ကာ​လ​ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ