Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 18:2

Judson Bible

နောက်​တစ်​ဖန် ရှ​မာ​ရိ​မြို့၊ အာ​ဟပ်​မင်း​ထံ​သို့ ကိုယ်​တိုင်​သွား၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​နှင့်၊ သူ၏​လူ​တို့​အ​ဖို့ များ​စွာ​သော​သိုး​နွား​တို့​ကို စီ​ရင်၍၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ လိုက်​စေ​ခြင်း​ငှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ဒေါ​နိ​ယ​သည် အင်္ရော​ဂေ​လ​မြို့​နယ်​အ​တွင်း၊ ဇော​ဟေ​လက်​ကျောက်​နား​မှာ သိုး၊ နွား​မှ​စ၍ ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို သတ်​ပြီး​လျှင်၊ ရှင်​ဘု​ရင်​သား​မိ​မိ​ညီ​များ​နှင့် ရှင်​ဘု​ရင်၏​ကျွန် ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။

နောက်​တစ်​ဖန် မိုး​မ​ရွာ​သော​ကြောင့် ချောင်း​ရေ​ခန်း​ခြောက်​လေ၏။

ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ၏​သား ယာ​ဣ​ရ​ပိုင်​သော​မြို့​များ၊ ဗာ​ရှန်​ပြည်၊ အာ​ဂေါ​ဘ​အ​ရပ်၌​မြို့​ရိုး၊ ကြေး​ဝါ​တံ​ခါး​ကျင်​နှင့် ပြည့်​စုံ​သော မြို့​ကြီး​ခြောက်​ဆယ်​ကို စီ​ရင်​သော ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​မှ ဂေ​ဗာ၏​သား၊

ထို​အ​ခါ​ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည် ပ​ရော​ဖက်​အ​မျိုး​သား​တစ်​ယောက်​ကို ခေါ်၍၊ သင်၏​ခါး​ကို စည်း​လော့။ ဤ​ဆီ​ဘူး​ကို​ယူ၍ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ သွား​လော့။

ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ ငါ​နှင့်​အ​တူ လိုက်​မည်​လော​ဟု​မေး​လျှင်၊ ယော​ရှ​ဖတ်​က၊ ငါ​သည် မင်း​ကြီး​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​လူ​တို့​သည် မင်း​ကြီး၏​လူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျက်၊ မင်း​ကြီး​နှင့်​ဝိုင်း၍ စစ်​တိုက်​မည်​ဟု ပြန်​ပြော၏။

ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။

ထို​ကာ​လ​ပတ်​လုံး ငါ​သည် ယေ​ရု​ရှ​လင်​မြို့၌​မ​ရှိ။ ဗာ​ဗု​လုန် ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​နန်း​စံ သုံး​ဆယ်​နှစ်​နှစ်​တွင် အ​ထံ​တော်​သို့ သွား​ရ၏။ အင်​တန်​ကာ​လ ကြာ​ပြီး​မှ၊ ရှင်​ဘု​ရင်​ထံ​တော်၌ အ​ခွင့်​ရ၍၊

ထို​မြို့​တို့၏​အ​မည်​ကား၊ ရု​ဗင်​အ​မျိုး​သား​နေ​ရာ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​အ​မျိုး​သား​နေ​ရာ ဂိ​လဒ်​ပြည်၌​ရာ​မုတ်​မြို့၊ မ​နာ​ရှေ​အ​မျိုး​သား​နေ​ရာ ဗာ​ရှန်​ပြည်၌​ဂေါ​လန်​မြို့​တည်း။

ယော်​ဒန်​မြစ်​တစ်​ဖက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​မှာ ရု​ဗင်​ခ​ရိုင်၊ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​ခ​ရိုင်၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့၊ မ​နာ​ရှေ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​တို့​ကို​လည်း​ကောင်း ရွေး​ထား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ