Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 18:16

Judson Bible

မိ​က္ခာ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့်၊ အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ အား​ယူ၍ ရဲ​ရင့်​ခြင်း​သ​တ္တိ ရှိ​ကြ​လော့။ သင်​တို့​အ​ရှင်​ရှော​လု သေ​ပြီ။ ယု​ဒ​အ​မျိုး​သား​တို့​သည် ဘိ​သိက်​ပေး​သ​ဖြင့် ငါ့​ကို​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ​ပြီ​ဟု မှာ​လိုက်​လေ၏။

အ​ထက်​က ရှော​လု​သည် ကျွန်​တော်​တို့၌ ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။

မိ​က္ခာ​က၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့၊ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက် ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့် အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။

သင်​တို့​သ​ခင်၏​သား​တို့​တွင် သာ၍ ကောင်း​မြတ်​တော်​သင့်​သော​သူ​ကို ရွေး​ကောက်၍ ခ​မည်း​တော်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ တင်​ပြီး​လျှင်၊ သ​ခင်​အ​မျိုး​အ​ဖို့ စစ်​တိုက်​ကြ​လော့​ဟု မှာ​လိုက်​သ​တည်း။

ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု​မင်း​ကြီး​အား ငါ​မ​ပြော​သ​လော​ဟု ယော​ရှ​ဖတ်​အား​ဆို၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ သိုး​ထိန်း​မ​ရှိ၊ အ​ဘယ်​သိုး​ထိန်း​မျှ ငါ့​သိုး​တို့​ကို​မ​ရှာ၊ သိုး​ထိန်း​တို့​သည် ငါ့​သိုး​တို့​ကို မ​ကျွေး​မွေး၊ ကိုယ်​ကို​သာ​ကျွေး​မွေး​သ​ဖြင့်၊ ငါ့​သိုး​တို့​သည် လု​ယူ​ရာ၊ ခပ်​သိမ်း​သော တော​သား​ရဲ​စား​စ​ရာ ဖြစ်​သော​ကြောင့်၊

သင်၏​မြို့​တို့​ကို ငါ​ဖျက်​ဆီး​သ​ဖြင့် သင်​သည် လူ​ဆိတ်​ညံ​လျက် ရှိ၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​လိမ့်​မည်။

တေ​ရပ်​ရုပ်​တု​တို့​သည် အ​န​တ္တ​စ​ကား​ကို ပြော​ကြ၏။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​သည် မု​သား​ရူ​ပါ​ရုံ​ကို​မြင်၍၊ မ​မှန်​သော​အိပ်​မက်​ကို ဟော​ပြော​ကြ၏။ အ​ချည်း​နှီး နှစ်​သိမ့်​စေ​ကြ၏။ ထို​ကြောင့်၊ သိုး​စု​ကဲ့​သို့ လည်​သွား၍ သိုး​ထိန်း​မ​ရှိ​သော​ကြောင့် ဆင်း​ရဲ​ခံ​ရ​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။

ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။ ထို​မျှ​မ​က ငါ​ဆို​သည်​ကား၊ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏ လက်​ယာ​ဘက်၌​ထိုင်​လျက် မိုး​တိမ်​ကို​စီး၍ ကြွ​လာ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။-

ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ