Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 18:14

Judson Bible

ရှင်​ဘု​ရင်​ထံ​သို့ ရောက်​သော​အ​ခါ၊ ရှင်​ဘု​ရင်​က၊ အ​ချင်း​မိ​က္ခာ၊ ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ ကောင်း​သ​လော​ဟု​မေး​လျှင်၊ မိ​က္ခာ​က စစ်​ချီ၍ အောင်​တော်​မူ​ပါ။ ရန်​သူ​တို့​ကို လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပြန်​လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မွန်း​တည့်​အ​ချိန်၌ ဧ​လိ​ယ​က၊ ကျယ်​သော​အ​သံ​နှင့် ဟစ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​ဖြစ်​တော်​မူ၏။ ဆင်​ခြင်​လျက်​နေ​တော်​မူ၏။ သို့​မ​ဟုတ် တစ်​စုံ​တစ်​ခု​ကို လိုက်၍​ရှာ​တော်​မူ၏။ သို့​မ​ဟုတ် ခ​ရီး​သွား​တော်​မူ၏။ သို့​မ​ဟုတ် ကျိန်း​စက်​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နှိုး​ရ​မည်​ဟု ပြက်​ရယ်​ပြု၍​ဆို၏။

ရှင်​ဘု​ရင်​ထံ​သို့ ရောက်​သော​အ​ခါ ရှင်​ဘု​ရင်​က၊ အ​ချင်း​မိ​က္ခာ၊ ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ​ကောင်း​သ​လော​ဟု မေး​လျှင်၊ မိ​က္ခာ​က၊ စစ်​ချီ၍​အောင်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပြန်​လျှောက်၏။

ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ၏​သား ယာ​ဣ​ရ​ပိုင်​သော​မြို့​များ၊ ဗာ​ရှန်​ပြည်၊ အာ​ဂေါ​ဘ​အ​ရပ်၌​မြို့​ရိုး၊ ကြေး​ဝါ​တံ​ခါး​ကျင်​နှင့် ပြည့်​စုံ​သော မြို့​ကြီး​ခြောက်​ဆယ်​ကို စီ​ရင်​သော ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​မှ ဂေ​ဗာ၏​သား၊

မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။

ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊

သင်၏​အ​စာ​ကို ရေ​ပေါ်​မှာ​ပစ်​ချ​လော့။ ကာ​လ​ကြာ​မြင့်​မှ တစ်​ဖန်​တွေ့​လေ​ဦး​မည်။

ဥ​ဇ​ပြည်၌​နေ​သော ဧ​ဒုံ​သ​တို့​သ​မီး၊ ဝမ်း​မြောက်​ရွှင်​လန်း​လော့။ ဖ​လား​တော်​သည် သင်​ရှိ​ရာ​သို့ ကူး​သွား​လိမ့်​မည်။ သင်​သည်​ယစ်​မူး၍ အ​ဝတ်​အ​ချည်း​စည်း ရှိ​ရ​လိမ့်​မည်။

ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင် ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ