Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 18:12

Judson Bible

မိ​က္ခာ​ကို​ခေါ်​သော​တ​မန်​က၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​စ​ကား​ကို​သာ ရှင်​ဘု​ရင်​အား တ​ညီ​တ​ညွတ်​တည်း ဟော​ကြ၏။ ကိုယ်​တော်​လည်း သူ​တို့​ဟော​ကြ​သည်​နည်း​တူ၊ မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တော်​မူ​ပါ​ဟု​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ အောင်​တော်​မူ​ပါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏ လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ကြ၏။

မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။

သို့​ဖြစ်၍​သင်​က၊ ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​သိ​တော်​မူ​မည်​နည်း။ ထူ​သော​တိမ်​တိုက်​ကွယ်​လျက်​နှင့် စီ​ရင်​တော်​မူ​နိုင်​မည်​လော။

ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။

သူ​တို့​က​လည်း၊ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ပါ​နှင့်​ဟု ဗျာ​ဒိတ်​ခံ​သော သူ​တို့​အား​လည်း​ကောင်း၊ မှန်​သော​စ​ကား​ကို ငါ​တို့​အား မ​ဟော​ပါ​နှင့်။ ချော့​မော့​သော​စ​ကား​ကို ပြော​ကြ​ပါ။ လှည့်​စား​သော​စ​ကား​ကို ဟော​ကြ​ပါ။

ဆိုး​ညစ်​သော အ​မှု​အား​ဖြင့် ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ မု​သား​စ​ကား​အား​ဖြင့် မင်း​များ​ကို​လည်း​ကောင်း ဝမ်း​မြောက်​စေ​ကြ၏။

နောက်​တစ်​ဖန် ဗေ​သ​လ​မြို့​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်။ ရှင်​ဘု​ရင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ နန်း​တော်​တည်​ရာ​မြို့​လည်း​ဖြစ်၏​ဟု ဆို​လျှင်၊

ကိုယ်​အ​လို​သို့​လိုက်၍ မု​သား​စ​ကား​ကို သုံး​သော​သူ​က၊ ငါ​သည်​ပ​ရော​ဖက်​ပြု၍ စ​ပျစ်​ရည်​တ​ရား​နှင့် သေ​ရည်​သေ​ရက်​တ​ရား​ကို ဟော​ပြော​မည်​ဟု​ဆို​လျှင်၊ ထို​သူ​သည် ဤ​လူ​တို့၏​ပ​ရော​ဖက် ဖြစ်​ရ​လိမ့်​မည်။

ပ​ရော​ဖက်​ပြု​သော သူ​တို့၊ ပ​ရော​ဖက်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည် ရှက်​ကြောက်​မည်​အ​ကြောင်း ပ​ရော​ဖက် မ​ပြု​ရ​ကြ။

ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း စည်း​ဝေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ