ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ၊ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။
ဂိလဒ်ပြည်၌ မနာရှေ၏သား ယာဣရပိုင်သောမြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါတံခါးကျင်နှင့် ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင်သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကိုလုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိပြည်ကို မဖျက်ဆီးမီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊
ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေကောင်းသလောဟု မေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။
ငါ၏လူတို့ကိုမှားယွင်းစေလျက် ဝစွာစားရသောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော်လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊
ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကို ပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သောသူ ဖြစ်ကြ၏။
သားရဲကို ဖမ်းမိကြ၏။ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဖမ်းမိကြ၏။ အသက်ရှင်လျက်ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ချပစ်ကြ၏။-