Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 17:4

Judson Bible

ဗာ​လ​ဘု​ရား​တို့​ကို မ​ဆည်း​ကပ်၊ ခ​မည်း​တော်၏ ဘု​ရား​သ​ခင်​ကို​သာ ဆည်း​ကပ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ထုံး​စံ​ကို​ရှောင်၍၊ ပ​ညတ်​တ​ရား​တော်​ကို ကျင့်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​စောင့်​မ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​နှင့်​တိုင်​ပင်၍ ရွှေ​နွား​သ​ငယ်​နှစ်​ကောင်​ကို​လုပ်​ပြီး​လျှင်၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​သော​အ​မှု​ခက်​လှ၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​ဘု​ရား​တို့​ကို ကြည့်​ရှု​ကြ​လော့​ဟု ဆို​လျက်၊

ပြစ်​မှား​စ​ရာ​အ​ကြောင်း​ကို ပြု​လေ၏။ ပြည်​သား​တို့​သည် နွား​သ​ငယ်​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဒန်​မြို့​တိုင်​အောင် သွား​တတ်​ကြ၏။

ထို​သို့ ကိုယ်​အ​လို​အ​လျောက် ချိန်း​ချက်​သော အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​တွင် ဗေ​သ​လ​မြို့၌ မိ​မိ​လုပ်​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ​ပူ​ဇော်၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပွဲ​ကို​လည်း​စီ​ရင်၏။ ယဇ်​ပ​လ္လင်​ပေါ်​မှာ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့၏။

ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်၍ ခ​မည်း​တော်​ဒါ​ဝိဒ်၏ စီ​ရင်​ချက်​တို့​ကို စောင့်​ရှောက်​တတ်၏။ သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၏။

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ သင့်​အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ဖြောင့်​မတ်​စုံ​လင်​သော စိတ်​သ​ဘော​နှင့် ငါ့​ရှေ့​မှာ​ကျင့်​နေ​လျှင်၊

ယု​ဒ​အ​မျိုး​မူ​ကား၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တ​ရား​တော်​ကို​မ​စောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​လိုက်​သော ထုံး​စံ​ဓ​လေ့​သို့ လိုက်​ကြ၏။

အာ​ဟပ်​သ​မီး​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​လိုက်​ရာ​လမ်း​သို့ အာ​ဟပ်​အ​မျိုး​ကဲ့​သို့​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

ထို​ကာ​လ၌ ငြိမ်​သက်​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ ယု​ဒ​ပြည်​သည်​ငြိမ်၍၊ စစ်​မှု​နှင့် လွတ်​သော​ကြောင့်၊ အာ​သ​မင်း​သည် တစ်​ပြည်​လုံး​တွင် ခိုင်​ခံ့​သော​မြို့​တို့​ကို တည်​လေ၏။

ခ​မည်း​တော်​သည် အ​ရင်​လိုက်​သော​လမ်း​သို့၊ ယော​ရှ​ဖတ်​လိုက်​လျက်၊

ပ​ရော​ဖက်​ဧ​လိ​ယ​ပေး​လိုက်​သော​စာ​သည် ထို​မင်း​ထံ​သို့ ရောက်​သ​ဖြင့်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​လမ်း​နှင့် ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​လမ်း​သို့​မ​လိုက်၊

ရှ​မာ​ရိ​ပြည်၌ ပုန်း​လျက်​နေ​သော အာ​ခ​ဇိ​ကို​ရှာ၍ ဖမ်း​မိ​သော​အ​ခါ၊ ယေ​ဟု​ထံ​သို့​ဆောင်​ခဲ့​ပြီး​မှ သတ်၍ သင်္ဂြိုဟ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​သော ယော​ရှ​ဖတ်၏​အ​မျိုး​ဖြစ်​သည်​ဟု ဆို​ကြ၏။ ထို​သို့​အာ​ခ​ဇိ​အ​မျိုး သည် နိုင်​ငံ​ကို​အုပ်​စိုး​ခြင်း​ငှာ မ​တတ်​နိုင်။

ထို​သို့ ယော​သံ​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​အ​ကျင့်​တို့​ကို ပြင်​ဆင်​သော​ကြောင့် တန်​ခိုး​တိုး​ပွား​သ​တည်း။

ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကျင့်​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။

ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၍၊ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ မ​လွှဲ၊ အ​ဘ​ဒါ​ဝိဒ်​လိုက်​သော​လမ်း​သို့ လိုက်​လေ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြည့်​တန်​ဆာ​လုပ်​သော်​လည်း၊ ယု​ဒ​အ​မျိုး​ကို မ​မှား​ယွင်း​ပါ​စေ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ချဉ်း​ကပ်​ကြ​နှင့်။ ဗေ​သ​ဝင်​မြို့​သို့ မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း​ဟူ၍ မ​ကျိန်​ဆို​ကြ​နှင့်။

ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။-

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ဘယ်​သို့ ကျင့်​ရ​မည်၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​နှစ်​သက်​စေ​ရ​မည်​ကို ငါ​တို့​ထံ၌ နည်း​ခံ​ကြ​သည်​နှင့်​အ​ညီ တိုး​ပွား၍ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ကို​အ​မှီ​ပြု​လျက်၊ ငါ​တို့​သည် တောင်း​ပန်၍ တိုက်​တွန်း​သွေး​ဆောင်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ