Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 17:19

Judson Bible

ယု​ဒ​ပြည်​အ​ရပ်​ရပ်၊ ခိုင်​ခံ့​သော​မြို့​တို့၌ ရှင်​ဘု​ရင်​ထား​သော သူ​ရဲ​မှ​တစ်​ပါး၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် အ​မှု​တော်​ကို ထမ်း​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သည် အ​မှု​တော်​ကို​ထမ်း​ရွက်​သော​ကြောင့်၊ မြို့​အ​သီး​အ​သီး​တို့၌ ဒိုင်း​လွှား​လှံ​လက်​နက်​များ​ကို ထား၍ အ​လွန်​ခိုင်​ခံ့​စေ၏။

ပ​ညာ​သ​တိ​နှင့်​စီ​ရင်၍၊ ယု​ဒ​ခ​ရိုင်​နှ​င့် ဗင်္ယာ​မိန်​ခ​ရိုင် အ​ရပ်​ရပ်​တို့​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌၊ မိ​မိ​သား​တို့​ကို အ​နှံ့​အ​ပြား​နေ​ရာ​ချ၍၊ များ​စွာ​သော​ရိ​က္ခာ​ကို သို​ထား၏။ မ​ယား​အ​များ​တို့​ကို အ​လို​ရှိ၏။

ယော​ရှ​ဖတ်​သည် အ​လွန်​ခွန်​အား​တိုး​ပွား၍၊ ယု​ဒ​ပြည်၌ ရဲ​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​မြို့​တို့​ကို တည်​တော်​မူ၏။

သူ့​နောက် ယော​ဇ​ဗဒ်​နှင့် စစ်​တိုက်​ခြင်း​ငှာ၊ အ​သင့်​ရှိ​သော​သူ တစ်​သိန်း​ရှစ်​သောင်း​တည်း။

ယု​ဒ​ပြည်​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌၊ တပ်​သား​များ​ကို​ထား၏။ ယု​ဒ​ပြည် အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ပြည်​မှာ ခ​မည်း​တော် အာ​သ​တိုက်​ယူ​သော မြို့​တို့၌​လည်း​ကောင်း၊ မြို့​စောင့်​တပ်​ကို အ​သီး​အ​သီး​ခန့်​ထား၏။

ထို​နောက်၊ ဒါ​ဝိဒ်​မြို့​ပြင်၊ ဂိ​ဟုန်​မြို့​အ​နောက်​ဘက်၊ ချိုင့်​ထဲ​မှာ ငါး​တံ​ခါး​ဝ​တိုင်​အောင်​လည်း​ကောင်း၊ ဩ​ဖေ​လ​ရဲ​တိုက် ပတ်​လည်၌​လည်း​ကောင်း၊ အ​လွန်​မြင့်​သော​မြို့​ရိုး​ကို တည်၏။ ယု​ဒ​ပြည်​တွင် ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌ တပ်​မှူး​တို့​ကို ခန့်​ထား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ