Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 17:12

Judson Bible

ယော​ရှ​ဖတ်​သည် အ​လွန်​ခွန်​အား​တိုး​ပွား၍၊ ယု​ဒ​ပြည်၌ ရဲ​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​မြို့​တို့​ကို တည်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရှေ့​မှာ ရှော​လ​မုန်​ကို အ​လွန်​ချီး​မြှောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ခံ​စ​ဖူး​သော ဘုန်း​အာ​နု​ဘော်​တော်​ကို ပေး​သ​နား​တော်​မူ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် လက်​ဆောင်​နှင့် အ​ခွန်​ငွေ​ကို​လည်း​ကောင်း၊ အာ​ရပ်​လူ​တို့​သည် သိုး​ခု​နစ်​ထောင်​ခု​နစ်​ရာ​နှင့် ဆိတ်​ခု​နစ်​ထောင်​ခု​နစ်​ရာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ၏။

ယု​ဒ​မြို့​တို့၌ အ​မှု​အ​ရေး​တော်​များ၏။ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​ကြ၏။

ယော​ရှ​ဖတ်​မင်း​သည် ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​များ၍၊ အာ​ဟပ်​မင်း​နှင့် အ​မျိုး​ဆက်​လေ၏။

တော၌​လည်း ရဲ​တိုက်​တို့​ကို တည်၏။ ရေ​တွင်း​များ​ကို​လည်း တူး၏။ ချိုင့်​ဝှမ်း​ရာ​အ​ရပ်​နှင့် မြေ​ညီ​ရာ​အ​ရပ်၌ များ​စွာ​သော သိုး​နွား​တို့​ကို ဆည်း​ပူး၍ တောင်​အ​ရပ်၊ မြေ​ကောင်း​သော​အ​ရပ်၌ လယ်​လုပ်​သော​သူ​နှင့် စ​ပျစ်​ဥ​ယျာဉ် ပြု​စု​သော​သူ​တို့​ကို​လည်း စေ​စား၏။ ထို​သို့​သော​အ​မှု​များ​ကို ဝါ​သ​နာ​ရှိ၏။

ယု​ဒ​တောင်​ရိုး​ပေါ်​မှာ မြို့​များ​ကို​လည်း​ကောင်း၊ တော၌ ရဲ​တိုက်​များ​နှင့် ပြ​အိုး​များ​ကို​လည်း​ကောင်း တည်​ထောင်​လေ၏။

ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။

ထို​ကြောင့်​အဲ​ဂု​တ္တု​မင်း​တို့​သည်၊ ကျပ်​တည်း​စွာ​နှိပ်​စက်​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်၊ ဘ​ဏ္ဍာ​တော်​သို​ထား​ဖို့၊ ပိ​သုံ​မြို့​နှင့် ရာ​မ​သက်​မြို့​ကို​တည်​ဆောက်​ရ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ