Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 17:10

Judson Bible

ယု​ဒ​ပြည်​ပတ်​ဝန်း​ကျင် တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ယော​ရှ​ဖတ်​ကို စစ်​မ​တိုက်​ဝံ့​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ပြောင်း​သွား​ကြ​သော​အ​ခါ၊ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည်၊ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယာ​ကုပ်​သား​တို့​ကို မ​လိုက်​ဝံ့​ဘဲ​နေ​ကြ၏။

အာ​သ​နှင့် သူ၏​လူ​တို့​သည် ဂေ​ရာ​မြို့​တိုင်​အောင်​လိုက်​သ​ဖြင့်၊ ကု​ရှ​လူ​တို့​သည် ပြန်၍​မ​တိုက်​ဝံ့​သော​ကြောင့် အ​ရှုံး​ခံ​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် ဗိုလ်​ခြေ​တော်​ရှေ့​မှာ ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​ကြ၏။ ယု​ဒ​လူ​တို့​သည် လက်​ရ​ဥ​စ္စာ​အ​များ​ကို သိမ်း​ယူ​ကြ၏။

ဂေ​ရာ​မြို့ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့်၊ ယု​ဒ​လူ​တို့​သည် ထို​မြို့​ရှိ​သ​မျှ​တို့​ကို လုပ်​ကြံ၍၊ သို​ထား​နှင့်​သော ဘ​ဏ္ဍာ​ဥ​စ္စာ​အ​များ​တို့​ကို သိမ်း​ယူ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော စေ​တ​နာ​စိတ်​ရှိ​သော​သူ​တို့​ဘက်၌၊ ခိုင်​ခံ့​စွာ​နေ​ခြင်း​ငှာ၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​နှံ့​အ​ပြား​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။ ဤ​အ​မှု၌ မင်း​ကြီး​သည် မိုက်​စွာ​ပြု​ပြီ။ ယ​ခု​မှ​စ၍ စစ်​မှု​ရှိ​လိမ့်​မည်​ဟု ဆို၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ရန်​သူ​တို့​ကို တိုက်​တော်​မူ​ကြောင်း​ကို၊ အ​ခြား​တိုင်း​နိုင်​ငံ​သား ရှိ​သ​မျှ​တို့​သည်​ကြား၍၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ၏။

တစ်​ပါး​အ​မျိုး​သား​များ​ကို သင်​တို့​ရှေ့​က​ငါ​နှင်​ထုတ်၍၊ သင်​တို့​နေ​ရာ​နယ်​ကို ငါ​ကျယ်​စေ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​နှစ်​တွင်​သုံး​ကြိမ် မျက်​နှာ​ပြ​သွား​သော​အ​ခါ၊ သင်၏​မြေ​ကို အ​ဘယ်​သူ​မျှ​မ​တပ်​မက်​ရ။

လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။

မြွေ​ကဲ့​သို့ မြေ​မှုန့်​ကို​လျက်၍၊ တီ​ကဲ့​သို့​တွင်း​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​လိမ့်​မည်။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သင့်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ