Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 16:6

Judson Bible

ထို​အ​ခါ အာ​သ​မင်း​ကြီး​သည် ယု​ဒ​လူ​အ​ပေါင်း​ကို​ခေါ်​သ​ဖြင့်၊ ရာ​မ​မြို့၌ ဗာ​ရှာ​မင်း​သွင်း​သော​ကျောက်​နှင့် သစ်​သား​ကို​ယူ​သွား၍၊ ဂေ​ဘ​မြို့​နှင့် မိ​ဇ​ပါ​မြို့​ကို တည်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​သ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဗာ​ရှာ​တို့​သည် အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။

ထို​အ​ခါ အာ​သ​မင်း​ကြီး​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မိန့်​တော်​ကို ကြော်​ငြာ​စေ​သ​ဖြင့်၊ ပြည်​သား​တစ်​ယောက်​မျှ​မ​လွတ်၊ ရှိ​သ​မျှ​တို့​သည် ရာ​မ​မြို့၌ ဗာ​ရှာ​မင်း​သွင်း​သော​ကျောက်​နှင့် သစ်​သား​ကို​ယူ​သွား​ကြ၍၊ အာ​သ​မင်း​ကြီး​သည် ဗင်္ယာ​မိန်​ခ​ရိုင်၌​ဂေ​ဘ​မြို့​နှင့် မိ​ဇ​ပါ​မြို့​ကို​တည်၏။

ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဂိ​ဗောင်​မြို့​နှင့် မြို့​နယ်၊ ဂေ​ဗ​မြို့​နှင့် မြို့​နယ်၊ အာ​လ​မက်​မြို့​နှင့် မြို့​နယ်၊ အာ​န​သုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ အာ​ရုန်၏​သား​မြေး​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ရ၍၊ မြို့​ပေါင်း​ကား တစ်​ဆယ်​သုံး​မြို့​တည်း။

ထို​သ​တင်း​ကို ဗာ​ရှာ​သည်​ကြား​သော​အ​ခါ၊ ရာ​မ​မြို့​ကို လက်​စ​မ​သတ်​ဘဲ အ​လုပ်​ကို​ဖြတ်၍ နေ၏။

ထို​အ​ခါ ပ​ရော​ဖက်​ဟာ​နန်​သည် ယု​ဒ​ရှင်​ဘု​ရင် အာ​သ​ထံ​သို့​လာ၍၊ မင်း​ကြီး​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ခို​လှုံ၊ ရှု​ရိ​ရှင်​ဘု​ရင်​ကို ခို​လှုံ​သော​ကြောင့်၊ ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​တို့​သည် မင်း​ကြီး​လက်​မှ လွတ်​သွား​ကြ​ပြီ။

သူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​လာ၍ လုပ်​ကြံ​ကြ၏။ နန်း​တော်၌​တွေ့​သ​မျှ​သော ဥ​စ္စာ​များ​နှင့် ရှင်​ဘု​ရင်၏​သား​မ​ယား​များ​တို့​ကို သိမ်း​သွား​ကြ​သ​ဖြင့်၊ အ​ထွေး​ဆုံး​သော​သား အာ​ခ​ဇိ​မှ​တစ်​ပါး၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း။

တောင်​ကြား​ကို လွန်​ကြ​ပြီ။ ဂေ​ဗ​မြို့၌ စ​ခန်း​ချ​ကြ​ပြီ။ ရာ​မ​မြို့​သည် ကြောက်​လန့်​လျက်​ရှိ၏။ ရှော​လု​နေ​ရာ ဂိ​ဗာ​မြို့​သည် ပြေး၏။

ထို​အ​ခါ ယေ​ရ​မိ​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​သွား၍၊ ပြည်၌​ကျန်​ကြွင်း​သေး​သော သူ​တို့​နှင့် အ​တူ​နေ​လေ၏။

ဂေ​ဘ​မြို့​မှ​သည် ယေ​ရု​ရှ​လင်​မြို့ တောင်​ဘက်၊ ရိ​မ္မုန်​မြို့​တိုင်​အောင် တစ်​ပြည်​လုံး​ကို ချိုင့်​ကဲ့​သို့ တ​ညီ​တည်း ဖြစ်​စေ​တော်​မူ​မည်။ မြို့​သည်​လည်း ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် အ​ရင်​တံ​ခါး​ရာ၊ မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​သည် စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​တော် တိုင်​အောင်​လည်း​ကောင်း ချီး​မြှောက်​ခြင်း​ကို​ခံ၍၊ မြို့​ဟောင်း​ရာ၌ တစ်​ဖန် တည်​ရ​လိမ့်​မည်။

ဒိ​လန်​မြို့၊ မိ​ဇ​ပါ​မြို့၊ ယော​က​သေ​လ​မြို့၊

တစ်​ဖန် ရှ​မွေ​လ​သည် လူ​များ​တို့​ကို မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်၍ စည်း​ဝေး​စေ​ပြီး​လျှင်၊

ဗေ​သ​လ​မြို့၊ ဂိ​လ​ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​ကို နှစ်​တိုင်း​လှည့်​ပတ်၍ အ​ရပ်​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး၌​စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ့​ရှိ၏။

သူ​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​သ​ဖြင့်၊ ရေ​ကို​ခပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း အ​ကျင့်​တို့​ကို​ကျင့်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဝန်​ခံ​ကြ၏။ ရှ​မွေ​လ​သည် မိ​ဇ​ပါ​မြို့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တ​ရား​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ