Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 16:4

Judson Bible

အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ၊ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​မိမ်​မြို့​မှ​စ၍၊ နဿ​လိ​ပြည်၌​ရှိ​သ​မျှ​သော ဘ​ဏ္ဍာ​မြို့​တို့​ကို လုပ်​ကြံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည် မိ​မိ​အစ်​ကို​သား​ကို ဖမ်း​သွား​ကြောင်း​ကို​ကြား​လျှင်၊ မိ​မိ​အိမ်၌​ဖွား၍ သွန်​သင်​သော​လူ​သုံး​ရာ​တစ်​ဆယ်​ရှစ်​ယောက်​တို့​ကို​စီ​ရင်၍၊ ဒန်​မြို့ တိုင်​အောင်​လိုက်​လေ​၏။

အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​မှ​စ၍ ဂင်္နေ​သ​ရက်​ပြည်​လုံး၊ နဿ​လိ​ပြည်​လုံး​ကို လုပ်​ကြံ​ကြ၏။

ဘ​ဏ္ဍာ​တော်​သို​ထား​သော​မြို့​များ၊ ရ​ထား​တော်​ထိန်း​သော​မြို့​များ၊ မြင်း​တော်​ကျွေး​သော​မြို့​များ၊ ယေ​ရု​ရှ​လင်​မြို့​ပတ်​လည်၊ လေ​ဗ​နုန်​တောင်​ပေါ်၊ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ တည်​ချင်​သော​မြို့​များ​တို့​ကို​လည်း တည်​လေ၏။

အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် နား​ထောင်၍ ဒ​မာ​သက်​မြို့​သို့​စစ်​ချီ၍ တိုက်​ယူ​ပြီး​လျှင်၊ ပြည်​သား​တို့​ကို ကိ​ရ​မြို့​သို့ သိမ်း​သွား၏။ ရေ​ဇိန်​မင်း​ကို​လည်း​သတ်၏။

ငါ​သည်​သင်​နှင့်​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​သည် သင့်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​သည်​ဖြစ်၍၊ ရွှေ​ငွေ​ကို ငါ​ပေး​လိုက်၏။ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ငါ့​ထံ​မှ​ထွက်​သွား​စေ​ခြင်း​ငှာ၊ သူ​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို​ဖျက်၍ လာ​ပါ​ဟု မှာ​လိုက်​လေ၏။

ထို​သ​တင်း​ကို ဗာ​ရှာ​သည်​ကြား​သော​အ​ခါ၊ ရာ​မ​မြို့​ကို လက်​စ​မ​သတ်​ဘဲ အ​လုပ်​ကို​ဖြတ်၍ နေ၏။

ယော​ရှ​ဖတ်​သည် အ​လွန်​ခွန်​အား​တိုး​ပွား၍၊ ယု​ဒ​ပြည်၌ ရဲ​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​မြို့​တို့​ကို တည်​တော်​မူ၏။

ဗာ​လတ်​မြို့​နှင့် ဘ​ဏ္ဍာ​တော်​မြို့​များ၊ ရ​ထား​တော်​ထိန်း​သော​မြို့​များ၊ မြင်း​တော်​ကျွေး​သော​မြို့​များ၊ ယေ​ရု​ရှ​လင်​မြို့​ပတ်​လည်၊ လေ​ဗ​နုန်​တောင်​ပေါ်၊ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ တည်​ချင်​သော​မြို့​များ​တို့​ကို​လည်း တည်​လေ၏။

ထို​ကြောင့်​အဲ​ဂု​တ္တု​မင်း​တို့​သည်၊ ကျပ်​တည်း​စွာ​နှိပ်​စက်​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်၊ ဘ​ဏ္ဍာ​တော်​သို​ထား​ဖို့၊ ပိ​သုံ​မြို့​နှင့် ရာ​မ​သက်​မြို့​ကို​တည်​ဆောက်​ရ​ကြ​၏။

သို့​သော်​လည်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သော​ပြည်​သည် နောက်​မှ မှောင်​မိုက်​နှင့် ကင်း​လွတ်​လိမ့်​မည်။ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​ကို အ​ထက်​က ရှုတ်​ချ​တော်​မူ​သော်​လည်း၊ နောက်​တစ်​ဖန် အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်​ကို ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။

ဖြောင့်​မတ်​သော​လမ်း​ထဲ​က​ထွက်၍ လွှဲ​သွား​သ​ဖြင့်၊ ဗော​သော်၏​သား​ဗာ​လမ်၏​လမ်း​ကို လိုက်​ကြ၏။-

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ