Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 16:2

Judson Bible

ထို​အ​ခါ ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို၊ အာ​သ​သည်​ထုတ်၍၊ ဒ​မာ​သက်​မြို့၌​နေ​သော ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ကျန်​ကြွင်း​သော ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို အာ​သ​သည်​ယူ၍ မိ​မိ​ကျွန်​တို့၌​အပ်​သ​ဖြင့်၊ ဒ​မာ​သက်​မြို့​မှာ​နေ​သော ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇုန်​သား တာ​ဗ​ရိ​မုန်၏​သား ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊

ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သည် ဘိုး​တော်​ဘေး​တော်​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်၊ ယ​ဟော​ရံ၊ အာ​ခ​ဇိ​လှူ​သ​မျှ​သော တန်​ဆာ​နှင့် ကိုယ်​တိုင်​သန့်​ရှင်း​စေ​သ​မျှ​သော တန်​ဆာ​များ၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ​တွင် တွေ့​သ​မျှ​သော​ရွှေ​ကို​ယူ၍ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ထံ​သို့ ပေး​လိုက်​သော​ကြောင့်၊ ဟာ​ဇေ​လ​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ထား၍ သွား၏။

တစ်​ဖန် ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း ရှိ​သော​ရွှေ​ငွေ​ကို​ယူ၍ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ထံ​သို့ လက်​ဆောင်​ပေး​လိုက်​လေ၏။

ဟေ​ဇ​ကိ​သည် ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော် ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ တွေ့​သ​မျှ​သော​ငွေ​ကို ပေး၏။

အာ​သ​မင်း နန်း​စံ​သုံး​ဆယ်​ခြောက်​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​စစ်​ချီ၍၊ ယု​ဒ​ရှင်​ဘု​ရင် အာ​သ​ထံ​သို့ အ​ဘယ်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ၊ ရာ​မ​မြို့​ကို​တည်၏။

ငါ​သည်​သင်​နှင့်​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​သည် သင့်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​သည်​ဖြစ်၍၊ ရွှေ​ငွေ​ကို ငါ​ပေး​လိုက်၏။ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ငါ့​ထံ​မှ​ထွက်​သွား​စေ​ခြင်း​ငှာ၊ သူ​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို​ဖျက်၍ လာ​ပါ​ဟု မှာ​လိုက်​လေ၏။

အ​ကြောင်း​မူ​ကား၊ အာ​ခတ်​သည် ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​မှ​စ၍၊ မှူး​မတ်​အိမ်​တို့၌​ရှိ​သော ဥ​စ္စာ​များ​ကို​ခွဲ​ပြီး​လျှင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား ပေး​သော်​လည်း၊ ထို​ရှင်​ဘု​ရင်​သည် ကျေး​ဇူး​ပြန်၍​မ​ပြု။

ဒ​မာ​သက်​မြို့​ကို ရည်​မှတ်​သော စ​ကား​ဟူ​မူ​ကား၊ ဟာ​မတ်​မြို့​နှင့် အာ​ပဒ်​မြို့​တို့​သည် မ​ကောင်း​သော သ​တင်း​ကို​ကြား​သော​ကြောင့်၊ အ​ရှက်​ကွဲ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ ပင်​လယ်​တိုင်​အောင် စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ ငြိမ်​ဝပ်​ခြင်း​သို့ မ​ရောက်​နိုင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ