Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 16:14

Judson Bible

ဒါ​ဝိဒ်​မြို့​မှာ မိ​မိ​အ​ဖို့ မိ​မိ​လုပ်​နှင့်​သော သင်္ချိုင်း၌၊ ပြည်​သား​တို့​သည် သင်္ဂြိုဟ်​သော​အ​ခါ၊ မွှေး​ကြိုင်​သော နံ့​သာ​မျိုး​တို့​ကို၊ ဆေး​သ​မား​အ​တတ်​ဖြင့်​ဖော်၍၊ တ​လား၌ အ​ပြည့်​ထည့်​ပြီး​လျှင်၊ အ​လောင်း​တော်​ကို တင်​ထား​ကြ၏။ အ​လွန်​ကြီး​သော မီး​ရှို့​ပွဲ​ကို​လည်း ခံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ဘ၏​အ​လောင်း​ကို နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​စေ​ခြင်း​ငှာ၊ မိ​မိ​ကျွန်​ဆေး​သ​မား​တို့​ကို အ​မိန့်​ရှိ၍၊ သူ​တို့​သည်​နံ့​သာ​မျိုး​နှင့် ပြင်​ဆင်​ကြ၏။

ကျွန်​တော်​အ​ဘ​က၊ ငါ​သေ​တော့​မည်။ ခါ​နာန်​ပြည်၌ ကိုယ်​ဖို့​ငါ​တူး​ဖူး​သော သင်္ချိုင်း​တွင်း၌၊ ငါ့​ကို​သင်္ဂြိုဟ်​ရ​မည်​ဟူ၍ ကျွန်​တော်​ကို​ကျိန်​ဆို​စေ​ပါ​ပြီ။ ထို​ကြောင့် ကျွန်​တော်​သွား၍၊ အ​ဘ​ကို​သင်္ဂြိုဟ်​ပြီး​မှ ပြန်​လာ​ပါ​မည်​အ​ကြောင်း​ကို အ​သ​နား​တော်​ခံ​ပါ​သည်​ဟု နား​တော်​လျှောက်​ကြ​ပါ​လော့​ဟု​ဆို၏။

အာ​သ​ဟေ​လ၏​အ​လောင်း​ကို​ထမ်း​သွား၍ ဗက်​လင်​မြို့၌​ရှိ​သော သူ့​အ​ဘ၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ကြ၏။ ယွာ​ဘ​နှင့် သူ၏​လူ​တို့​သည် တစ်​ည​လုံး​သွား၍၊ မိုး​လင်း​စ​တွင် ဟေ​ဗြုန်​မြို့​သို့​ရောက်​ကြ၏။

အာ​သ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ နန်း​စံ​လေး​ဆယ်​တစ်​နှစ်​တွင် အ​နိ​စ္စ​ရောက်​သ​ဖြင့်၊

ရှင်​ဘု​ရင်​သည် တာ​ရှည်​စွာ​နာ၍၊ နှစ်​နှစ်​စေ့​သော​အ​ခါ၊ အ​နာ​ပြင်း​ထန်​သော​ကြောင့်၊ အူ​ထွက်၍ အ​သက်​ချုပ်​လေ၏။ ပြည်​သား​တို့​သည် ဘိုး​တော်​ဘေး​တော်​တို့​အ​ဖို့ မီး​ရှို့​ခြင်း​ကို​ပြု​သ​ကဲ့​သို့၊ ထို​မင်း​အ​ဖို့​မ​ပြု။

ဟေ​ဇ​ကိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်၏​သား​တော် မြေး​တော်​တို့ သင်္ချိုင်း​တွင် အ​မြတ်​ဆုံး​သော​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ပြု​လေ၏။ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည်၊ ဟေ​ဇ​ကိ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ ဂုဏ်​အ​သ​ရေ​တော်​ကို ချီး​မြှောက်​ကြ၏။ သား​တော်​မ​နာ​ရှေ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ကျွန်​တို့​သည် ရ​ထား​တော်​ပေါ်​က​ချ၍၊ ဒု​တိ​ယ​ရ​ထား​တော်​ပေါ်၌ တင်​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား​သော​အ​ခါ၊ အ​နိ​စ္စ​ရောက်၍ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည်၊ ယော​ရှိ​မင်း အ​နိ​စ္စ​ရောက်​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

အ​ထုံ​သ​မား​လုပ်​သော နံ့​သာ​ဆီ​ကို သေ​သော​ယင်​ကောင်​သည် နံ​စေ​သ​ကဲ့​သို့၊ အ​နည်း​ငယ်​သော​အ​မိုက်​သည် ပ​ညာ​နှင့် ဂုဏ်​အ​သ​ရေ​ထင်​ရှား​သော​သူ​ကို ထို​အ​တူ ဖြစ်​စေ​တတ်၏။

မြင့်​သော​အ​ရပ်၌ ကိုယ်​သင်္ချိုင်း​တွင်း​ကို ထွင်း၍၊ ကိုယ်​နေ​ရာ​ကို ကျောက်၌​ထု​လုပ်​သော​သူ၊ သင်​သည် ဤ​အ​ရပ်၌ သင်္ချိုင်း​တွင်း​ကို ကိုယ်​အ​ဖို့​ထွင်း​စေ​ခြင်း​ငှာ၊ ဤ​အ​ရပ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ဤ​အ​ရပ်​သား​တို့​တွင် အ​ဘယ်​သူ​နှ​င့် ဆိုင်​သ​နည်း။

ငြိမ်​ဝပ်​စွာ​သေ၍ သင့်​ရှေ့​မှာ စိုး​စံ​သော ဘိုး​တော်​ဘေး​တော်​တို့​အ​ဖို့ ပြု​ဖူး​သည်​နည်း​တူ၊ သင့်​အ​ဖို့ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ဩ သ​ခင်​ဟူ၍ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်၊ ငါ​ပြော​ထား​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဥ​ပုသ်​နေ့​လွန်​မှ မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​သည် သွား၍၊ အ​လောင်း​တော်​ကို လိမ်း​ခြင်း​ငှာ နံ့​သာ​မျိုး​ကို​ဝယ်​ပြီး​လျှင်၊-

သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ထ​သွား၍၊ ရှော​လု၏​အ​လောင်း​နှင့် သူ၏​သား​အ​လောင်း​တို့​ကို ဗက်​ရှန်​မြို့​ရိုး​မှ​ချ​ပြီး​လျှင်၊ ယာ​ဗက်​မြို့​သို့​ဆောင်​ခဲ့၍ မီး​ရှို့​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ