နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ခြေတော်၌ အနာရောဂါစွဲ၍ ပြင်းစွာခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။
အဘ၏အလောင်းကို နံ့သာမျိုးနှင့်ပြင်ဆင်စေခြင်းငှာ၊ မိမိကျွန်ဆေးသမားတို့ကို အမိန့်ရှိ၍၊ သူတို့သည်နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
ထာဝရဘုရားကို မမေးမြန်းဘဲ နတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။
အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ နန်းစံလေးဆယ်တစ်နှစ်တွင် အနိစ္စရောက်သဖြင့်၊
ထာဝရဘုရားသည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာနေခြင်းငှာ၊ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။
အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသောအခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
သင်တို့သည် တစ်ယောက်မျှမကြွင်း၊ မုသားကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။
ဂိလဒ်ပြည်၌ ဗာလဇံပင်အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ မထမြောက်သနည်း။
သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။-
ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။-
ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။
များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတစ်ယောက်သည်၊-
ငါချစ်သော ဆေးသမားလုကာနှင့် ဒေမသည် သင်တို့ကို နှုတ်ဆက်ကြ၏။-
ငါချစ်သမျှသော သူတို့၏အပြစ်ကို ငါစစ်ဆေး၍ သူတို့ကိုဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။-