Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 16:1

Judson Bible

အာ​သ​မင်း နန်း​စံ​သုံး​ဆယ်​ခြောက်​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​စစ်​ချီ၍၊ ယု​ဒ​ရှင်​ဘု​ရင် အာ​သ​ထံ​သို့ အ​ဘယ်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ၊ ရာ​မ​မြို့​ကို​တည်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ ယဇ်​ပူ​ဇော်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လျှင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​သ​ခင် ယု​ဒ​ရှင်​ဘု​ရင် ရော​ဗောင်​ဘက်​သို့ ပြောင်း​လဲ၍၊ ငါ့​ကို​သတ်​ပြီး​မှ ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​ဘက်​သို့ တစ်​ဖန် ဝင်​စား​ကြ​လိမ့်​မည်​ဟု အောက်​မေ့​သော​ကြောင့်၊

နောက်​တစ်​ဖန် နန်း​စံ သုံး​ဆယ်​ငါး​နှစ်​တိုင်​အောင် စစ်​တိုက်​ခြင်း​မ​ရှိ။

ရှေး​ကာ​လ၌ ထွက်​သော​သူ၊ ဝင်​သော​သူ​သည် ချမ်း​သာ​မ​ရ။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ကြ၏။

ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်​ထဲ​က​ထွက်​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ၏။ အာ​သ​မင်း၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ​တို့​သည် သိ​မြင်​လျှင်၊ ထို​မင်း​ဘက်​သို့ ဝင်​စား​ကြ၏။

ထို​အ​ခါ ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို၊ အာ​သ​သည်​ထုတ်၍၊ ဒ​မာ​သက်​မြို့၌​နေ​သော ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊

ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရ​မိ​ကို တစ်​ဖန်​သိမ်း​သွား၍ ရာ​မ​မြို့၌ လွှတ်​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည် အ​ရာ​မှာ၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ၊ ယေ​ရ​မိ​သည်​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊

ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​နှင့်​အ​တူ သတ်​သော​သူ အ​သေ​ကောင်​များ​ကို ပစ်​ချ​သော​တွင်း​သည် အ​ခြား​တွင်း​မ​ဟုတ်၊ အာ​သ​မင်း​ကြီး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဗာ​ရှာ​ကို ကြောက်၍​တူး​သော​တွင်း ဖြစ်​သ​တည်း။ ထို​တွင်း​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည် အ​သေ​ကောင်​များ​နှင့် ပြည့်​စေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ