၂ ရာချုပ် 15:7Judson Bibleသင်တို့မူကား အားယူကြလော့။ လက်အား မလျော့စေနှင့်။ သင်တို့ကျင့်သည်အတိုင်း အကျိုးကိုခံရကြမည်ဟု မြွက်ဆို၏။ အခန်းကိုကြည့်ပါ။ |
သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သောစိတ်နှင့် လုပ်ဆောင်လော့။ မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။ ငါ၏ ဘုရားသခင် ထာဝရအရှင်ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ လုပ်ဆောင်၍ လက်စမသတ်မီတိုင်အောင် သင့်ကို စွန့်တော်မမူ။ ပစ်ထားတော်မမူ။
ထာဝရဘုရား၏ အမှုအရာရာတွင်၊ ယဇ်ပုရောဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ၏။ ရှင်ဘုရင်၏ အမှုအရာရာတွင်၊ ယုဒအမျိုးမှာ မင်းဖြစ်သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ၏။ လေဝိသားတို့သည်လည်း၊ အမှုထမ်းလုလင် လုပ်ရကြ၏။ ရဲရင့်စွာ စီရင်ကြလော့။ ထာဝရဘုရားသည် ကောင်းသောသူတို့ဘက်မှာ နေတော်မူမည်ဟု မှာထားတော်မူ၏။
သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။-