Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 14:8

Judson Bible

အာ​သ​မင်း၌ ကိ​ဒုန်​နှင့်​လှံ​ကို​ကိုင်​သော ယု​ဒ​အ​မျိုး​သူ​ရဲ သုံး​သိန်း၊ ဒိုင်း​လွှား​နှင့်​လေး​ကို​ကိုင်​သော ဗင်္ယာ​မိန်​အ​မျိုး​သူ​ရဲ နှစ်​သိန်း​ရှစ်​သောင်း​ရှိ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း​ကြီး​သည် ရွှေ​ခြောက်​ပိဿာ​စီ​ဖြင့် ဒိုင်း​ကြီး​နှစ်​ရာ၊ သုံး​ပိဿာ​စီ​ဖြင့် ဒိုင်း​ငယ်​သုံး​ရာ​တို့​ကို ထု​လုပ်၍ လေ​ဗ​နုန်​တော​သစ်​သား​နှင့် တည်​ဆောက်​သော နန်း​တော်၌ ထား​တော်​မူ၏။

ဥ​လံ​သား​တို့​သည် ခွန်​အား​ကြီး​သော လေး​သူ​ရဲ​ဖြစ်​ကြ၏။ သား​မြေး​များ၍ ပေါင်း​တစ်​ရာ​ငါး​ဆယ်​ရှိ​ကြ၏။ ဤ​ရွေ့​ကား၊ ဗင်္ယာ​မိန်​သား​စဉ်​မြေး​ဆက် ဖြစ်​သ​တည်း။

ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်၍၊ နိုင်​ငံ​တော်​ကို ရော​ဗောင်​လက်​သို့ ရောက်​ပြန်​စေ​ခြင်း​ငှာ၊ ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​ထဲ​က ရွေး​ချယ်​သော​စစ်​သူ​ရဲ တစ်​သိန်း​ရှစ်​သောင်း​တို့​ကို စု​ဝေး​စေ၏။

ဂါ​သ​မြို့၊ မ​ရေ​ရှ​မြို့၊ ဇိ​ဖ​မြို့၊

ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ရော​ဗောင်​မင်း​ကြီး နန်း​စံ​ငါး​နှစ်​တွင်၊

အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ရှိ​ရှက်​သည် ရ​ထား​တစ်​ထောင်​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခြောက်​သောင်း၊ မ​ရေ​တွက်​နိုင်​သော အဲ​ဂု​တ္တု​ပြည်​သား​များ၊ လိ​ဗု​ပြည်​သား၊ သု​ကိ​ပြည်​သား၊ အဲ​သ​ယော​ပိ​ပြည်​သား​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍၊

အ​ဘိ​ယ​သည် ရွေး​ချယ်​သော စစ်​သူ​ရဲ​ကောင်း​လေး​သိန်း​နှင့် စစ်​ခင်း​ကျင်၏။ ယေ​ရော​ဗောင်​သည် ရွေး​ချယ်​သော စစ်​သူ​ရဲ​ကောင်း​ရှစ်​သိန်း​နှင့် စစ်​ခင်း​ကျင်း၏။

ကု​ရှ​လူ​နှင့်​လိ​ဗု​လူ​တို့​သည် ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​နှင့်​တ​ကွ၊ အား​ကြီး​သော​အ​လုံး​အ​ရင်း​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​ကြောင့်၊ ထို​အ​လုံး​အ​ရင်း​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​တော်​မူ​ပြီ။

ထို​နောက်​မှ၊ မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဧ​ဒုံ​အ​မျိုး​သား​အ​ချို့​နှင့်​တ​ကွ၊ ယော​ရှ​ဖတ်​ကို စစ်​တိုက်​မည်​ဟု ချီ​လာ​ကြ၏။

အာ​မ​ဇိ​မင်း​သည် ယု​ဒ​လူ​တို့​ကို​စု​ဝေး​စေ၍ ယု​ဒ​လူ​နှင့် ဗင်္ယာ​မိန်​လူ​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​တို့​ကို ခန့်​ထား၏။ အ​သက်​နှစ်​ဆယ်​လွန်၍၊ လှံ​နှင့်​ဒိုင်း​ကို ကိုင်​တတ်​သော စစ်​သူ​ရဲ​ကောင်း​တို့​သည်၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း သုံး​သိန်း​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ