Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 14:7

Judson Bible

ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြိုး​စား​ရှာ၍၊ ထို​ဘု​ရား​သည် အ​ရပ်​ရပ်၌ ငြိမ်​သက်​သော​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ တစ်​ပြည်​လုံး​ကို အ​စိုး​ရ​စဉ်​အ​ခါ၊ ဤ​မည်​သော​မြို့​တို့​ကို ပြု​စု၍ မြို့​ရိုး၊ ပြ​အိုး၊ တံ​ခါး၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ကြ​ကုန်​အံ့​ဟု ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အာ​သ​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​နှင့် တန်​ခိုး​ကြီး​ခြင်း၊ မြို့​များ​ကို​တည်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ သို့​ရာ​တွင် အ​သက်​ကြီး​သော​အ​ခါ ခြေ​တော်၌​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

ယု​ဒ​လူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ၍၊ ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​မည်​အ​ကြောင်း မိန့်​တော်​မူ၏။

ထို​ကာ​လ၌ ငြိမ်​သက်​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ ယု​ဒ​ပြည်​သည်​ငြိမ်၍၊ စစ်​မှု​နှင့် လွတ်​သော​ကြောင့်၊ အာ​သ​မင်း​သည် တစ်​ပြည်​လုံး​တွင် ခိုင်​ခံ့​သော​မြို့​တို့​ကို တည်​လေ၏။

ယု​ဒ​လူ​အ​ပေါင်း​သည် ထို​သို့​ကျိန်​ဆို​ခြင်း​ကို ပြု​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျိန်​ဆို၍၊ အ​လို​ဆ​န္ဒ​အား​ကြီး​သည်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် အ​တွေ့​ခံ​တော်​မူ၏။ အ​ရပ်​ရပ်၌ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၏။

ယု​ဒ​မြို့​တို့၌ အ​မှု​အ​ရေး​တော်​များ၏။ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​ကြ၏။

ဗင်္ယာ​မိန်​အ​မျိုး ခွန်​အား​ကြီး​သော ဧ​လျာ​ဒ​နှင့် လေး၊ ဒိုင်း​လွှား​ကို ကိုင်​သော​သူ​နှစ်​သိန်း၊

ထို​သို့ ဘု​ရား​သ​ခင်​သည် အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​သော​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ ယော​ရှ​ဖတ်၏​နိုင်​ငံ​တော်​သည် သာ​ယာ၏။

အာ​မ​ဇိ​မင်း​သည် ယု​ဒ​လူ​တို့​ကို​စု​ဝေး​စေ၍ ယု​ဒ​လူ​နှင့် ဗင်္ယာ​မိန်​လူ​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​တို့​ကို ခန့်​ထား၏။ အ​သက်​နှစ်​ဆယ်​လွန်၍၊ လှံ​နှင့်​ဒိုင်း​ကို ကိုင်​တတ်​သော စစ်​သူ​ရဲ​ကောင်း​တို့​သည်၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း သုံး​သိန်း​ရှိ​ကြ၏။

ထို​သို့ အ​ကြီး​အ​ကဲ​လုပ်​သော​သူ၊ ရန်​သူ​တစ်​ဖက်၌ ရှင်​ဘု​ရင်​ကို ထောက်​မ​ခြင်း​ငှာ၊ ကြီး​သော​ခွန်​အား​နှင့် စစ်​တိုက်​သော​သူ​ရဲ​ပေါင်း​ကား၊ သုံး​သိန်း​ခု​နစ်​ထောင်​ငါး​ရာ​တည်း။

ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။

မြို့​ရိုး၊ တံ​ခါး၊ ကန့်​လန့်​ကျင်​နှင့် ခိုင်​ခံ့​သော အ​ထက်​ဗေ​သော​ရုန်​မြို့​နှင့် အောက်​ဗေ​သော​ရုန်​မြို့​တို့​ကို​လည်း တည်​လေ၏။

ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။-

ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင်​နေ​သော ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​လွှတ်၍၊ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး​ပေး​တော်​မူ​ပြီး​မှ၊ ယော​ရှု​သည် အ​သက်​ကြီး၍ အို​မင်း​သော​အ​ခါ၊

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့ ဆု​တောင်း​ခြင်း​ကို​လည်း နား​ထောင်​တော်​မူ၏။ ဒု​စ​ရိုက်​ပြု​သော သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​လွှဲ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ