ထိုကာလ၌ ငြိမ်သက်သောအခွင့်ကို ထာဝရဘုရားပေးတော်မူသဖြင့်၊ ယုဒပြည်သည်ငြိမ်၍၊ စစ်မှုနှင့် လွတ်သောကြောင့်၊ အာသမင်းသည် တစ်ပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။
ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရားသည် အရပ်ရပ်၌ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူသဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည်ဖြစ်၍၊
ဣသရေလအမျိုး၏အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ သတိပြုလျှင် အကြံထမြောက်ရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။
သင်မြင်သော သားတစ်ယောက်သည် ငြိမ်ဝပ်သောသူ ဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန်ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သော အခွင့်ကိုလည်းကောင်း၊ သူ၏လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကိုလည်းကောင်း၊ ငါပေးမည်။
ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကို ရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။
ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး၏ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သောကြောင့်၊ ထာဝရဘုရားသည်စောင့်မ၍၊
ထိုသို့ ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သောအခွင့်ကို ပေးတော်မူသောကြောင့်၊ ယောရှဖတ်၏နိုင်ငံတော်သည် သာယာ၏။
ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကို နားလည်သော ဇာခရိလက်ထက်၌၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ်၏။ ထာဝရဘုရားကို ဆည်းကပ်သောကာလပတ်လုံး၊ ဘုရားသခင်သည် အကြံထမြောက်ရသောအခွင့်ကို ပေးတော်မူ၏။
မိမိဘုရားသခင်ကို ဆည်းကပ်လျက်၊ ဗိမာန်တော်၊ တရားတော်၊ ပညတ်တော်တို့အဖို့ အမှုစောင့်စပြုလေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့ပြု၍ အကြံထမြောက်တတ်၏။
အသက်တော်ငယ်စဉ်၊ နန်းစံရှစ်နှစ်တွင်၊ အဘဒါဝိဒ်၏ဘုရားသခင်ကို ဆည်းကပ်စပြု၏။ တစ်ဆယ်နှစ်နှစ်တွင် ယုဒပြည်၊ ယေရုရှလင်မြို့၌ရှိသောကုန်း၊ အာရှရပင်၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုတို့ကို သုတ်သင်ပယ်ရှင်းစ ပြု၏။
ဘုရားသခင်သည် ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ယှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတစ်မျိုးလုံးဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင်နိုင်သနည်း။
လေးကိုချိုးလျက်၊ လှံကို အပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။
ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ်လုံးပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်းသောအခါ၊
အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။
မောဘအမျိုးသည် ဣသရေလအမျိုးလက်၌ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တစ်ပြည်လုံး ငြိမ်းလေ၏။
အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကိုချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထိုနောက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။