Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 14:4

Judson Bible

ယု​ဒ​လူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ၍၊ ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​မည်​အ​ကြောင်း မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ သ​ဘော​ချ​သော​သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​ထဲ​က ထွက်၍၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​အံ့​သော​ငှာ၊ လေ​ဝိ​သား​တို့​နောက်​သို့ လိုက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ၏။

တစ်​ပါး​အ​မျိုး​သား​ဘု​ရား၏ ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ မြင့်​သော​အ​ရပ်​တို့​ကို​လည်း​ကောင်း ပယ်​ရှား၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ဖြို​ဖျက်၍၊ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။

ယု​ဒ​မြို့​ရွာ အ​ရပ်​ရပ်​တို့၌​ရှိ​သော​ကုန်း​နှင့် ရုပ်​တု​ဆင်း​တု​တို့​ကို ပယ်​ရှား၍၊ နိုင်​ငံ​တော်​ရေး သာ​ယာ​လျက်​ရှိ၏။

နန်း​တော်​အ​ပြစ်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ပြစ်၊ ယု​ဒ​ပြည်​အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား​ခု​နစ်​ကောင်၊ သိုး​ခု​နစ်​ကောင်၊ သိုး​သ​ငယ်​ခု​နစ်​ကောင်၊ ဆိတ်​ခု​နစ်​ကောင်​တို့​ကို ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​သည်​အ​တိုင်း၊

ဟေ​ဇ​ကိ​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​ရှိ၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စ​ပြု​သော​အ​ခါ၊ တံ​ပိုး​များ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို တီး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ကို ဆို​စ​ပြု​ကြ၏။

တစ်​ဖန် ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် မှူး​မတ်​တို့​သည် စီ​ရင်၍၊ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စ​ကား၊ ပ​ရော​ဖက်​အာ​သပ်​စ​ကား​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ၏။ ရွှင်​လန်း​သော​စိတ်​နှင့် ထော​မ​နာ​သီ​ချင်း​ကို​ဆို​လျက်၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။

ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။

သို့​ရာ​တွင်၊ ဟေ​ဇ​ကိ​က၊ သန့်​ရှင်း​ရာ​ဌာ​န​ထုံး​စံ​အ​တိုင်း၊ သန့်​ရှင်း​ခြင်း​မ​ရှိ​သော်​လည်း၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ခြင်း​ငှာ၊ သ​ဘော​ကျ​သော​သူ​အ​ပေါင်း​တို့၏ အ​ပြစ်​ကို ကောင်း​မြတ်​သော ထာ​ဝ​ရ​ဘု​ရား​သည် လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ထို​သူ​တို့​အ​ဖို့ ဆု​တောင်း​သ​ဖြင့်၊

ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ပြု​ပြင်၍၊ မိတ်​သ​ဟာ​ယ​ယဇ်​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ယဇ်​တို့​ကို ပူ​ဇော်၏။ ယု​ဒ​ပြည်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​မည်​အ​ကြောင်း မှာ​ထား၏။

အ​ခန်း​များ​ကို စင်​ကြယ်​စေ​ခြင်း​ငှာ စီ​ရင်၍၊ တစ်​ဖန် ဘု​ရား​သ​ခင်၏ အိမ်​တော်​တန်​ဆာ​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နံ့​သာ​ပေါင်း​ကို ဆောင်​ခဲ့၍ သို​ထား၏။

အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ​ရ​ကြ​လိမ့်​မည်။

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊

ထို​သူ၏​သား​တို့​သည် ကိုယ်​ယုတ်​မာ​သည်​တိုင်​အောင်၊ ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သူ​သိ​သော်​လည်း ကျပ်​တည်း​စွာ​မ​ဆုံး​မ​ဘဲ နေ​သော​ကြောင့်၊ သူ၏​အိမ်​သား​တို့၌ ငါ​သည် အ​စဉ်​အ​မြဲ​ဒဏ်​ပေး​မည်​ဟု ငါ​ပြော​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ