Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 14:3

Judson Bible

တစ်​ပါး​အ​မျိုး​သား​ဘု​ရား၏ ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ မြင့်​သော​အ​ရပ်​တို့​ကို​လည်း​ကောင်း ပယ်​ရှား၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ဖြို​ဖျက်၍၊ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။

မြင့်​သော​အ​ရပ်​တို့​ကို ပယ်၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၏။ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။ မော​ရှေ​လုပ်​သော ကြေး​ဝါ​မြွေ​ကို အ​ပိုင်း​ပိုင်း​ဖြတ်၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထို​ကာ​လ​တိုင်​အောင်၊ ထို​မြွေ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်​ကြ၏။ ထို​မြွေ​ကို န​ဟု​တ္တန်​အ​မည်​ဖြင့် မှည့်​သ​တည်း။

ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၍ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ​ပြီး​မှ၊ သူ​တို့​တည်​ရာ​အ​ရပ်​များ​ကို လူ​သေ​အ​ရိုး​တို့​နှင့် ပြည့်​စေ​တော်​မူ၏။

အာ​ရှ​ရ​ပင်​ကို​လည်း ဗိ​မာန်​တော်​ထဲ​က​ထုတ်၍ ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ကေ​ဒြုန်​ချောင်း​သို့ ယူ​သွား​သ​ဖြင့်၊ ထို​ချောင်း​နား​မှာ မီး​ရှို့​ပြီး​လျှင် ညက်​ညက်​ချေ၍၊ အ​မှုန့်​ကို ဆင်း​ရဲ​သား​သင်္ချိုင်း​ပေါ်​မှာ ဖြန့်​ဖြူး​တော်​မူ၏။

အာ​သ​မင်း​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို ပြု​လေ၏။

ယု​ဒ​လူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ၍၊ ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​မည်​အ​ကြောင်း မိန့်​တော်​မူ၏။

မြင့်​သော​အ​ရပ်​တို့​ကို ဣ​သ​ရေ​လ​ပြည်၌ မ​ပယ်​ရှား​သော်​လည်း၊ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး အာ​သ​စိတ်​နှ​လုံး​သည် စုံ​လင်​ခြင်း​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ပြု​ပြင်၍၊ မိတ်​သ​ဟာ​ယ​ယဇ်​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ယဇ်​တို့​ကို ပူ​ဇော်၏။ ယု​ဒ​ပြည်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​မည်​အ​ကြောင်း မှာ​ထား၏။

ဗာ​လ​ဘု​ရား​တို့ ယဇ်​ပ​လ္လင်​များ​ကို ရှေ့​တော်၌​ဖြို​ချ၍၊ ယဇ်​ပ​လ္လင်​ပေါ်​တွင် အ​မြင့်​တင်​ထား​သော ရုပ်​တု​တို့​ကို ခုတ်​လှဲ​ကြ၏။ အာ​ရှ​ရ​ပင်​များ​နှင့် ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​များ​ကို ချိုး​ဖဲ့၍ ညက်​ညက်​ချေ​ပြီး​လျှင်၊ ယဇ်​ပူ​ဇော်​သော​သူ​တို့၏ သင်္ချိုင်း​ပေါ်​မှာ ဖြန့်​ဖြူး​တော်​မူ၏။

သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို ဖျက်​ဆီး​ရ​မည်။ သူ​တို့​ရုပ်​တု​ဆင်း​တု​များ​ကို ချိုး​ဖဲ့​ရ​မည်။ သူ​တို့​အာ​ရှ​ရ​ပင်​များ​ကို ခုတ်​လှဲ​ရ​မည်။

သင်​တို့​မြင့်​သော​အ​ရပ်​များ​ကို ငါ​ဖြို​ဖျက်၍၊ ရုပ်​တု​ဆင်း​တု​များ​ကို ခုတ်​လှဲ​မည်။ သင်​တို့​အ​သေ​ကောင်​များ​ကို၊ ရုပ်​တု​ဆင်း​တု အ​သေ​ကောင်​အ​ပေါ်​မှာ ပစ်​ချ၍၊ သင်​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်။

သူ​တို့​ထု​သော ရုပ်​တု​ဆင်း​တု​ဘု​ရား​များ​ကို မီး​ရှို့​ရ​မည်။ ရုပ်​တု​ဆင်း​တု၌​ပါ​သော ရွှေ​ငွေ​ကို မ​တပ်​မက်​ရ၊ မ​သိမ်း​မ​ယူ​ရ။ ယူ​လျှင် အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

သို့​ဖြစ်၍၊ သူ​တို့၌ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို ဖျက်​ရ​မည်။ ရုပ်​တု​များ​ကို ဖြို​ချ​ရ​မည်။ အာ​ရှ​ရ​ပင်​များ​ကို ခုတ်​လှဲ​ရ​မည်။ ထု​သော​ရုပ်​တု ဆင်း​တု​များ​ကို မီး​ရှို့​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ