Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 14:2

Judson Bible

အာ​သ​မင်း​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို ပြု​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​သ​သည် အ​ဘီ​တော်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သ​ဖြင့်​ပြု၏။

ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့​ကို​လည်း​ကောင်း၊ ဘိုး​တော်​ဘေး​တော်​လုပ်​သော ရုပ်​တု​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပြည်​တော်​ထဲ​က ပယ်​ရှား​တော်​မူ၏။

မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော်​လည်း၊ လက်​ထက်​တော် ကာ​လ​ပတ်​လုံး၊ အာ​သ​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​ရှိ၏။

အ​ဘိ​ယ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​သ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ ထို​မင်း​လက်​ထက်၊ ပြည်​တော်​သည် ဆယ်​နှစ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ၏။

တစ်​ပါး​အ​မျိုး​သား​ဘု​ရား၏ ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ မြင့်​သော​အ​ရပ်​တို့​ကို​လည်း​ကောင်း ပယ်​ရှား၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ဖြို​ဖျက်၍၊ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။

အာ​သ​မင်း​ကြီး၏ အ​ဖွား​တော်​မာ​ခါ​သည်၊ အာ​ရှ​ရ​ပင်​အောက်​မှာ ရုပ်​တု​ကို​လုပ်​သော​ကြောင့်၊ မိ​ဖု​ရား​အ​ရာ​ကို​နုတ်၍၊ ရုပ်​တု​ကို ဖျက်​ဆီး​ကျော်​နင်း​ပြီး​လျှင်၊ ကေ​ဒြုန်​ချောင်း​နား​မှာ မီး​ရှို့​တော်​မူ၏။

ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​များ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​တို့၌ စိတ်​စွဲ​လမ်း၍၊ မြင့်​သော​အ​ရပ်​နှင့် အာ​ရှ​ရ​ပင်​တို့​ကို ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

ထို​မင်း​သည် ခ​မည်း​တော်​အာ​သ​လိုက်​သော လမ်း​ကို​မ​လွှဲ၊ အ​ကုန်​အ​စင်​လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော​အ​ကျင့်​ကို​သာ ကျင့်၏။

ပ​ရော​ဖက်​ဧ​လိ​ယ​ပေး​လိုက်​သော​စာ​သည် ထို​မင်း​ထံ​သို့ ရောက်​သ​ဖြင့်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​လမ်း​နှင့် ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​လမ်း​သို့​မ​လိုက်၊

ထို​အ​မှု လက်​စ​သတ်​သော​အ​ခါ၊ စည်း​ဝေး​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်၊ ယု​ဒ​မြို့​များ​သို့ ထွက်​သွား၍ ယု​ဒ​ပြည်၊ ဗင်္ယာ​မိန်​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည် အ​ရပ်​ရပ်၌​ရှိ​သော ရုပ်​တု​ဆင်း​တု၊ အာ​ရှ​ရ​ပင်၊ မြင့်​သော​အ​ရပ်၊ ယဇ်​ပ​လ္လင်​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင် ချိုး​ဖဲ့၊ ခုတ်​လှဲ​ဖြို​ချ​ကြ၏။ ထို​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး ပိုင်​ထိုက်​သော​နေ​ရာ မြို့​ရွာ​တို့​သို့ ပြန်​သွား​ကြ၏။

ထို​သို့ ဟေ​ဇ​ကိ​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​တွင် စီ​ရင်၍၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု၊ သ​မ္မာ​တ​ရား​အ​မှု​တို့​ကို ပြု​တော်​မူ၏။

ယဇ်​ပ​လ္လင်​တို့​နှင့် အာ​ရှ​ရ​ပင်​တို့​ကို ချိုး​ဖဲ့၍၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၌ ရှိ​သ​မျှ​သော​ရုပ်​တု ဆင်း​တု​တို့​ကို ခုတ်​လှဲ၍ ညက်​ညက်​ချေ​ပြီး​မှ ယေ​ရှ​ရု​လင်​မြို့​သို့ ပြန်​တော်​မူ၏။

သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။

သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို​လည်း ဖျက်​ရ​မည်။ ရုပ်​တု​များ​ကို ဖြို​ချ​ရ​မည်။ အာ​ရှ​ရ​ပင်​များ​ကို မီး​ရှို့​ရ​မည်။ ထု​လုပ်​သော ဘု​ရား​ဆင်း​တု​များ​ကို ခုတ်​လှဲ​ရ​မည်။ ထို​အ​ရပ်၌ ထို​ဘု​ရား​တို့၏​နာ​မ​ကို​ပင် ပယ်​ရှင်း​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ