Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 14:14

Judson Bible

ဂေ​ရာ​မြို့ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့်၊ ယု​ဒ​လူ​တို့​သည် ထို​မြို့​ရှိ​သ​မျှ​တို့​ကို လုပ်​ကြံ၍၊ သို​ထား​နှင့်​သော ဘ​ဏ္ဍာ​ဥ​စ္စာ​အ​များ​တို့​ကို သိမ်း​ယူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ပြောင်း​သွား​ကြ​သော​အ​ခါ၊ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည်၊ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယာ​ကုပ်​သား​တို့​ကို မ​လိုက်​ဝံ့​ဘဲ​နေ​ကြ၏။

အာ​သ​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​နှင့် တန်​ခိုး​ကြီး​ခြင်း၊ မြို့​များ​ကို​တည်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ သို့​ရာ​တွင် အ​သက်​ကြီး​သော​အ​ခါ ခြေ​တော်၌​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊

ထို​အ​ခါ မြို့​သား​တို့​သည်​ထွက်၍ ရှု​ရိ​တဲ​တို့​ကို လု​ယူ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​တိုင်း၊ ဂျုံ​မုန့်​ညက်​တစ်​စိတ်​ကို ငွေ​တစ်​ကျပ်၊ မု​ယော​ဆန်​တစ်​ခွဲ​ကို တစ်​ကျပ်​နှင့် ရောင်း​ကြ၏။

တိ​ရ​စ္ဆာန်​တင်း​ကုပ်​များ​ကို​လည်း တိုက်​ဖျက်​လျက်၊ သိုး​နှင့် ကု​လား​အုတ်​အ​များ​တို့​ကို သိမ်း​ယူ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။

ယု​ဒ​ပြည်​ပတ်​ဝန်း​ကျင် တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ယော​ရှ​ဖတ်​ကို စစ်​မ​တိုက်​ဝံ့​ဘဲ​နေ​ကြ၏။

ယော​ရှ​ဖတ်​နှင့် သူ၏​လူ​တို့​သည်၊ ရန်​သူ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ အ​သေ​ကောင်​တို့၌ များ​စွာ​သော​ဥ​စ္စာ၊ အ​ဖိုး​ထိုက်​သော တန်​ဆာ​တို့​ကို တွေ့​သ​ဖြင့်၊ ထမ်း၍​မ​သွား​နိုင်​အောင် ချွတ်​ယူ​ကြ၏။ လက်​ရ​ဥ​စ္စာ အ​လွန်​များ​သော​ကြောင့်၊ သုံး​ရက်​ပတ်​လုံး လု​ယူ​ထုပ်​ထား​လျက် နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ရန်​သူ​တို့​ကို တိုက်​တော်​မူ​ကြောင်း​ကို၊ အ​ခြား​တိုင်း​နိုင်​ငံ​သား ရှိ​သ​မျှ​တို့​သည်​ကြား၍၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ၏။

သူ​သည် ကြောက်​မက်​ဖွယ်​သော​အ​သံ​ကို ကြား​လျက်​နေ​ရ၏။ စည်း​စိမ်​ကို ခံ​စား​စဉ်​တွင်၊ ဖျက်​ဆီး​သော​သူ​သည် လာ​တတ်၏။

စစ်​အင်္ဂါ​ဗိုလ်​ခြေ​သ​ခင် ရှင်​ဘု​ရင်​တို့​သည် အ​လျင်​အ​မြန် ပြေး​ကြ၍၊ အိမ်၌​နေ​ရစ်​သော မိန်း​မ​တို့​သည် လက်​ရ​ဥ​စ္စာ​ကို ဝေ​မျှ​ကြ၏။

သူ​သည်​လည်း ကြောက်​လန့်​သ​ဖြင့်၊ မိ​မိ​ခိုင်​ခံ့​သော မြို့​ကို​လွန်​သွား၍၊ သူ၏​မှူး​မတ်​တို့​သည် နိ​မိတ်​ကို​မြင်​လျှင် စိတ်​ပျက်​ကြ​လိမ့်​မည်​ဟု ဇိ​အုန်​တောင်​ပေါ်​မှာ မီး​လျှံ၊ ယေ​ရှု​ရှင်​မြို့၌ မီး​ဖို​ရှိ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​တည်း။

သင်၏ သင်္ဘော​ရွက်​ကြိုး​များ ပြုတ်​လျက်​ရှိ၏။ ရွက်​တိုင်​ကို ခိုင်​ခံ့​စွာ​မ​ချည်၊ ရွက်​ကို​လည်း မ​ဖြန့်​နိုင်။ သို့​ဖြစ်၍၊ များ​စွာ​သော​ဥ​စ္စာ​ကို လု​ယူ​ဝေ​ငှ​ရ၏။ ခြေ​ဆွံ့​သော​သူ​ပင် လု​ယူ​ရာ ဥ​စ္စာ​ကို လု​ယူ​ရ၏။

မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။-

မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ယ​နေ့​သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​စ​ရှိ​မည်​အ​ကြောင်း ငါ​ပြု​မည်။ သင်​တို့၏​သ​တင်း​ကို​ကြား၍ တုန်​လှုပ်​ခြင်း၊ စိုး​ရိမ်​ကြောင့်​ကြ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ။ ငါ​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်​ရှိ​ကြ​ပါ၏​ဟု ယော​ရှု​အား​လျှောက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကူး​စေ​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း၊ ပင်​လယ်​နား​မှာ​နေ​သော ခါ​န​နိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကြား​သိ​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သ​တ္တိ​အ​လျှင်း​မ​ကြွင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့် စိတ်​ပျက်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ရှံ​ဆုန်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ​သည် အာ​ရှ​ကေ​လုန်​မြို့​သို့ သွား၍ မြို့​သား​သုံး​ဆယ်​ကို သတ်​ပြီး​မှ သူ​တို့​ဥ​စ္စာ​ကို​လု​ယူ၍ စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​သော​သူ​တို့​အား အ​ဝတ်​စုံ​တို့​ကို​ပေး​ပြီး​မှ၊ အ​မျက်​ထွက်၍ မိ​မိ​အ​ဘ​အိမ်​သို့ ပြန်​သွား​လေ၏။

စစ်​သူ​ရဲ​များ၊ လယ်​လုပ်​သူ​များ၊ အ​ခြား​သူ​များ​အ​ပေါင်း​တို့​သည် တပ်​သား​များ၊ လု​ယူ​သော​သူ​များ​နှင့်​တ​ကွ တုန်​လှုပ်​ကြ၍၊ မြေ​ကြီး​လည်း လှုပ်​သ​ဖြင့်၊ အ​လွန်​ကြီး​သော​တုန်​လှုပ်​ခြင်း​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ