၂ ရာချုပ် 14:13Judson Bibleအာသနှင့် သူ၏လူတို့သည် ဂေရာမြို့တိုင်အောင်လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာအများကို သိမ်းယူကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကိုလည်းကောင်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊ ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကိုလည်းကောင်း၊ ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်လည်းကောင်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်လည်းကောင်း ကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့၊
ကိုယ်တော်၏ကျွန်မအပြစ်ကို သည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်လည်းကောင်း၊ တစ်သက်လုံး ကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဖို့ ခိုင်ခံ့မြဲမြံသောအိမ်ကို တည်ဆောက်တော်မူလိမ့်မည်။