၂ ရာချုပ် 13:7Judson Bibleရှောလမုန်သားရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့်၊ မဆီးတားနိုင်သောအခါ၊ လျှပ်ပေါ်သောသူ၊ အဓမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး၍၊ ရောဗောင်မင်းတစ်ဖက်၌ ကိုယ်ကို ခိုင်ခံ့စေကြ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ အသီးအသီးသွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။
ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသေး၏။ ရောဗောင်သည် နန်းထိုင်သောအခါ အသက်လေးဆယ်တစ်နှစ် ရှိ၏။ ထာ၀ရဘုရားသည် နာမတော်တည်စရာဖို့၊ ဣသရေလ ခရိုင်များတို့အထဲက ရွေးကောက်သာ ယေရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ် စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
အခြားတစ်ပါးသောဘုရားထံသို့ သွား၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ သူတို့မြို့သူမြို့သားတို့ကို သွေးဆောင်ကြောင်းကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်နေစရာဖို့ပေးတော်မူသော မြို့တစ်စုံတစ်မြို့၌ သင်သည် သတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။