Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 13:6

Judson Bible

သို့​ရာ​တွင်၊ ဒါ​ဝိဒ်​သား​တော် ရှော​လ​မုန်၏​ကျွန် နေ​ဗတ်​သား​ယေ​ရော​ဗောင်​သည်၊ မိ​မိ​အ​ရှင်​ကို တစ်​ဖက်​ထ၍ ပုန်​ကန်​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး ရှော​လ​မုန်၏ ကျွန်​တစ်​ယောက်၊ ဧ​ဖ​ရိမ်​အ​မျိုး၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်၏​သား ယေ​ရော​ဗောင်​သည်​လည်း ရှင်​ဘု​ရင်​ကို​ပုန်​ကန်၏။ သူ၏​အ​မိ​ကား၊ ဇေ​ရွာ​အ​မည်​ရှိ​သော မု​ဆိုး​မ​တည်း။

ယေ​ရော​ဗောင်​ပြန်​လာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား​သော​အ​ခါ၊ လူ​ကို​စေ​လွှတ်၍၊ ယေ​ရော​ဗောင်​ကို စည်း​ဝေး​ရာ​ပ​ရိ​သတ်​ထံ​သို့ ခေါ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ယု​ဒ​အ​မျိုး​မှ​တစ်​ပါး အ​ဘယ်​အ​မျိုး​မျှ ဒါ​ဝိဒ်​မင်း​မျိုး​သို့ မ​ဆည်း​ကပ်။

ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ ယဇ်​ပူ​ဇော်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လျှင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​သ​ခင် ယု​ဒ​ရှင်​ဘု​ရင် ရော​ဗောင်​ဘက်​သို့ ပြောင်း​လဲ၍၊ ငါ့​ကို​သတ်​ပြီး​မှ ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​ဘက်​သို့ တစ်​ဖန် ဝင်​စား​ကြ​လိမ့်​မည်​ဟု အောက်​မေ့​သော​ကြောင့်၊

ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် ပြု​လေ​ရာ​ရာ၌ အောင်​လေ၏။ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏​ကျွန်​မ​ခံ။ ပုန်​ကန်​လေ၏။

ရော​ဗောင်​မင်း​ကြီး​သည် ရ​ထား​တော်​ကို အ​လျင်​အ​မြန်​တက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြေး​လေ၏။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သည် ယ​နေ့​တိုင်​အောင် ဒါ​ဝိဒ်​မင်း​မျိုး​ကို ပုန်​ကန်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ