အဘိယမူကား ခွန်အားတိုးပွား၏။ မယားတစ်ဆယ်လေးယောက်တို့ကိုယူ၍ သားနှစ်ဆယ်နှစ်ယောက်နှင့် သမီးတစ်ဆယ်ခြောက်ယောက်တို့ကို မြင်ရ၏။
အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
ရောဗောင်သည် ခင်ပွန်း တစ်ဆယ်ရှစ်ယောက်၊ မောင်းမမိဿံ ခြောက်ဆယ်တို့ကိုသိမ်းယူ၍၊ သားနှစ်ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမမိဿံအပေါင်းတို့ထက် သာ၍ချစ်သောကြောင့်၊
အဘိယလက်ထက် ကာလပတ်လုံး၊ ယေရောဗောင်သည် နောက်တစ်ဖန် ခွန်အားကိုမရပြန်။ ထာဝရဘုရား ဒဏ်ခတ်တော်မူသဖြင့် သေလေ၏။
အဘိယပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ကျင့်သောအကျင့်၊ ပြောသောစကားများတို့သည်၊ ရာဇဝင်နှင့်ဆက်၍ ပရောဖက်ဣဒ္ဒေါ စီရင်သောစာ၌ ရေးထားလျက်ရှိ၏။
ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
တစ်ဖန် ဩဖရမြို့၌ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကို ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့ကို ကျောက်တစ်ခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံး ယောသံသည် ပုန်းရှောင်၍နေသောကြောင့် ကျန်ရစ်သတည်း။