အဘိယလက်ထက် ကာလပတ်လုံး၊ ယေရောဗောင်သည် နောက်တစ်ဖန် ခွန်အားကိုမရပြန်။ ထာဝရဘုရား ဒဏ်ခတ်တော်မူသဖြင့် သေလေ၏။
ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်နာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံနှစ်ဆယ်တွင်၊ အာသသည် ယေရုရှလင်မြို့၌ လေးဆယ်တစ်နှစ်မင်းပြု၍ ယုဒပြည်ကိုစိုးစံလေ၏။
အဘိယသည် ယေရောဗောင်ကို လိုက်၍၊ ဗေသလမြို့နှင့် ရွာများ၊ ယေရှနမြို့နှင့် ရွာများ၊ ဧဖရိမ်မြို့နှင့် ရွာများတို့ကို သူ့လက်မှနုတ်ယူလေ၏။
အဘိယမူကား ခွန်အားတိုးပွား၏။ မယားတစ်ဆယ်လေးယောက်တို့ကိုယူ၍ သားနှစ်ဆယ်နှစ်ယောက်နှင့် သမီးတစ်ဆယ်ခြောက်ယောက်တို့ကို မြင်ရ၏။
အချင်းလူသား၊ သင်ကြည့်ရှုလိုဖွယ်သောသူကို ငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည်မကျရ။
ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏချင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။-
ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။
တစ်ဖန် ဒါဝိဒ်က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။