Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 12:6

Judson Bible

ရှင်​ဘု​ရင်​နှင့် ယု​ဒ​မင်း​တို့​က၊ ထာ​ဝ​ရ​ဘု​ရား ဖြောင့်​မတ်​တော်​မူ​သည်​ဟု ဆို၍၊ မိ​မိ​တို့​ကို နှိမ့်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ရှင်​ဘု​ရင်​သည် ကိုယ်​ကို​နှိမ့်​ချ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မည် အ​ကြောင်း၊ အ​မျက်​တော်​ကို လွှဲ​တော်​မူ၏။ ယု​ဒ​ပြည်၌​လည်း၊ ပြည်​မှု​ပြည်​ရေး​သာ​ယာ​သ​ဖြင့်၊

ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​သား၊ ယ​ဟော​ရံ​ညီ​ဟူ​မူ​ကား၊ အာ​ဇ​ရိ၊ ယေ​ယ​လေ၊ ဇာ​ခ​ရိ၊ အာ​ဇ​ရိ၊ မိ​က္ခေ​လ၊ ရှေ​ဖ​တိ​တည်း။

သို့​ရာ​တွင် ဟေ​ဇ​ကိ​သည် မိ​မိ​စိတ်​ထောင်​လွှား​သော အ​ပြစ်​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့်​တ​ကွ ကိုယ်​တိုင်​ကိုယ်​ကို နှိမ့်​ချ​သော​ကြောင့်၊ လက်​ထက်​တော်​ကာ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​မ​သက်​ရောက်။

ထို​သို့​မ​နာ​ရှေ​သည် ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​သော​အ​ခါ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်၍၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကိုယ်​ကို အ​လွန်​နှိမ့်​ချ​လျက်၊

သူ​ဆု​တောင်း​ခြင်း၊ ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ​ခြင်း၊ အ​မှု​မ​ရောက်​မီ ပြစ်​မှား​လွန်​ကျူး​ခြင်း၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​ခြင်း၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​ဆင်း​တု​တို့​ကို တည်​ထောင်​ခြင်း​အ​ရာ​တို့​သည်၊ ဟော​ဇဲ၏​ကျမ်း​စ​ကား​တွင် ရေး​ထား​လျက်​ရှိ၏။

ခ​မည်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​သ​ကဲ့​သို့ မ​နှိမ့်​ချ​ဘဲ အ​ထူး​သ​ဖြင့် ပြစ်​မှား၏။

သူ​က​လည်း၊ ငါ​သည် ပြစ်​မှား​ပါ​ပြီ။ မှန်​သော​တ​ရား​ကို မှောက်​ပါ​ပြီ။ သို့​သော်​လည်း ကိုယ်​ခံ​ထိုက်​သော အ​ပြစ်​ကို​မ​ခံ​ရ​ဘဲ၊

ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏ ကြိုး​တို့​ကို ဖြတ်​တော်​မူ​ပြီ။

မော​ရှေ​နှင့် အာ​ရုန်​တို့​သည်၊ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​ရှေ့​မှာ ကိုယ်​ကို​ကိုယ်​မ​နှိမ့်​ချ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း။ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။

ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည်​လူ​ကို​စေ​လွှတ်၍၊ မော​ရှေ​နှင့်​အာ​ရုန်​ကို ခေါ်​ပြီး​လျှင်၊ ဤ​အ​မှု၌​ငါ​ပြစ်​မှား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၏။ ငါ​နှင့် ငါ၏​လူ​တို့​သည် အ​ပြစ်​များ​ပါ၏။

သင်​တို့​သည် နား​ထောင်​နာ​ယူ​ကြ​လော့။ ထောင်​လွှား​သော​စိတ်​မ​ရှိ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

ကိုယ်​ကို​ကိုယ်​နှိမ့်​ချ၍ ထိုင်​ကြ​လော့။ သင်​တို့၌ ဘုန်း​ကြီး​သော​သ​ရ​ဖူ​သည် သင်​တို့၏​ခေါင်း​ပေါ်​မှ ဆင်း​ရ​လိမ့်​မည်​ဟု၊ ရှင်​ဘု​ရင်​နှင့် မိ​ဖု​ရား​တို့​အား ပြော​လော့။

ယ​နေ့​တိုင်​အောင် သူ​တို့​သည် နှိမ့်​ချ​သော​စိတ်​မ​ရှိ၊ ကြောက်​ရွံ့​သော​စိတ်​မ​ရှိ၊ ငါ၏​တ​ရား​လမ်း​သို့ မ​လိုက်၊ သင်​တို့​မှ​စ၍ သင်​တို့​ဘိုး​ဘေး​တို့​ရှေ့​မှာ ငါ​ထား​သော ပ​ညတ်​များ​ကို မ​စောင့်​ရှောက်​ကြ။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ၏။ ငါ​သည် ပ​ညတ်​တော်​ကို လွန်​ကျူး​မိ​ပြီ။ လူ​မျိုး​ခပ်​သိမ်း​တို့၊ နား​ထောင်၍ ငါ၏​ဒု​က္ခ​ကို ဆင်​ခြင်​ကြ​ပါ​လော့။ ငါ၏​လူ​ပျို​နှင့် အ​ပျို​တို့​ကို သိမ်း​သွား​ကြ​ပြီ။

အ​ရှင်​သား​တော် ဗေ​လ​ရှာ​ဇာ၊ ကိုယ်​တော်​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို သိ​သော်​လည်း၊ စိတ်​နှ​လုံး​ကို မ​နှိမ့်​ချ​ဘဲ၊

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဘေး​ဥ​ပဒ်​ကို​စောင့်၍၊ အ​ကျွန်ုပ်​တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြု​တော်​မူ​သ​မျှ​တို့၌ ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။

သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို ဝန်​မ​ချ။ ငါ့​မျက်​နှာ​ကို မ​ရှာ​မီ​တိုင်​အောင် ငါ​သည် ကိုယ်​နေ​ရာ​သို့ ပြန်​သွား၍ နေ​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် ငါ့​ကို​ကြိုး​စား၍ ရှာ​ကြ​လိမ့်​မည်။

ငါ​ဆို​သည်​ကား၊ ထို​သူ​သည် အ​ပြစ်​ပြေ​လျက် မိ​မိ​အိမ်​သို့ ပြန်​သွား၏။ ဖာ​ရိ​ရှဲ​မူ​ကား အ​ပြစ်​မ​ပြေ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား၊ နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​သော​သူ​မည်​သည်​ကား၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​သိ​ဘဲ၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို တည်​စေ​ခြင်း​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဝန်​မ​ခံ​ကြ။-

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့​ကို ချီး​မြှောက်​တော် မူ​လိမ့်​မည်။

ထို​ဝိ​ညာဉ်​တော်​သည် သာ၍​များ​သော ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထောင်​လွှား​စော်​ကား​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏​ဟု လာ​သ​တည်း။

အ​ဒေါ​နိ​ဗေ​ဇက်​က​လည်း၊ လက်​မ​နှင့် ခြေ​မ​ဖြတ်​သော မင်း​ကြီး​ခု​နစ်​ဆယ်​တို့​သည်၊ အ​ထက်​က ငါ့​စား​ပွဲ​အောက်၌ စား​နုပ်​စား​ပေါက်​ကို ကောက်၍ စား​ရ​ကြ၏။ ငါ​ပြု​ဖူး​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အ​ပြစ်​ပေး​တော်​မူ​ပြီ​ဟု ဆို၏။ ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပို့၍ သူ​သည် ထို​မြို့​မှာ​သေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ