Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 12:3

Judson Bible

အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ရှိ​ရှက်​သည် ရ​ထား​တစ်​ထောင်​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခြောက်​သောင်း၊ မ​ရေ​တွက်​နိုင်​သော အဲ​ဂု​တ္တု​ပြည်​သား​များ၊ လိ​ဗု​ပြည်​သား၊ သု​ကိ​ပြည်​သား၊ အဲ​သ​ယော​ပိ​ပြည်​သား​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ အ​မျိုး​သား​ရှေ့​မှာ ပြေး​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း ရှု​ရိ​မြင်း​ရ​ထား​စီး​သူ​ရဲ ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ လေး​သောင်း​တို့​ကို​သတ်၍၊ ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​ကို​လည်း ထိ​ခိုက်​သ​ဖြင့် သူ​သည် ထို​အ​ရပ်၌​သေ၏။

အ​ကြောင်း​မူ​ကား၊ ရှု​ရိ​လူ​တို့​သည် ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ များ​စွာ​သော ဗိုလ်​ခြေ​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့် သူ​တို့​က ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ငါ​တို့​ကို​တိုက်​စေ​ခြင်း​ငှာ၊ ဟိ​တ္တိ​မင်း​များ၊ အဲ​ဂု​တ္တု​မင်း​များ​တို့​ကို ငှား​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​လျက်၊

ထာ​ဝ​ရ​ဘု​ရား​သည် ကု​ရှ​လူ​တို့​ကို အာ​သ​နှင့် ယု​ဒ​လူ​တို့​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ပြေး​ကြ၏။

အာ​သ​မင်း၌ ကိ​ဒုန်​နှင့်​လှံ​ကို​ကိုင်​သော ယု​ဒ​အ​မျိုး​သူ​ရဲ သုံး​သိန်း၊ ဒိုင်း​လွှား​နှင့်​လေး​ကို​ကိုင်​သော ဗင်္ယာ​မိန်​အ​မျိုး​သူ​ရဲ နှစ်​သိန်း​ရှစ်​သောင်း​ရှိ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်​ကြ၏။

တစ်​ဖန် ကု​ရှ​ရှင်​ဘု​ရင်​ဇေ​ရ​သည် စစ်​သူ​ရဲ​တစ်​သန်း၊ ရ​ထား​သုံး​ရာ​နှင့်​တ​ကွ ချီ​လာ၍၊ မ​ရေ​ရှ​မြို့​သို့ ရောက်​သော​အ​ခါ၊

ကု​ရှ​လူ​နှင့်​လိ​ဗု​လူ​တို့​သည် ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​နှင့်​တ​ကွ၊ အား​ကြီး​သော​အ​လုံး​အ​ရင်း​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​ကြောင့်၊ ထို​အ​လုံး​အ​ရင်း​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​တော်​မူ​ပြီ။

အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင့်​ကို ရွေး​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သင့်​ကို​ရွေး​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း၊ သင့်​အ​တွက် ကု​ရှ​ပြည်​နှင့် သေ​ဘ​ပြည်​ကို​လည်း​ကောင်း ငါ​ပေး၏။

အဲ​သ​ယော​ပိ​ပြည် သား၊ ဖု​တ​ပြည်​သား၊ လု​ဒ​ပြည်​သား၊ အ​မျိုး​မ​စစ်​သော​လူ​ရှိ​သ​မျှ၊ ခု​ဘ​အ​မျိုး​သား၊ မိတ်​သ​ဟာ​ယ​ဖွဲ့​သော ပြည်​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​နှင့်​တ​ကွ ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။

ထို​ပြည်​မှာ​ရှိ​သော ရွှေ​ဘ​ဏ္ဍာ၊ ငွေ​ဘ​ဏ္ဍာ၊ အ​ဖိုး​ထိုက်​သော ဥ​စ္စာ​များ​ကို အ​ပိုင်​ရ​လိမ့်​မည်။ လိ​ဗု​ပြည်​သား​နှင့် ကု​ရှ​ပြည်​သား​တို့​သည် သူ့​နောက်​သို့ လိုက်​ရ​ကြ​လိမ့်​မည်။

အဲ​သ​ယော​ပိ​ပြည် နှင့် အဲ​ဂု​တ္တု​ပြည်​သည် သူ၏​လက်​နက်​ဖြစ်၏။ ရေ​တွက်၍ မ​ကုန်​နိုင်။ ဖု​တ​ပြည်​နှင့် လိ​ဗု​ပြည်​လည်း သူ၏​လက်​နက်​အ​ဝင် ဖြစ်၏။

မြင်း​စီး​သူ​ရဲ​တို့၏ အ​ရေ​အ​တွက်​ကား၊ နှစ်​သင်္ချေ ဖြစ်၏။ ထို​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ၏။

သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​များ၊ တဲ​များ​ပါ​လျက်၊ ကျိုင်း​ကောင်​များ​ပြား​သ​ကဲ့​သို့၊ သူ​တို့​နှင့် ကု​လား​အုတ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​ကို ဖျက်​ဆီး​လျက် လာ​ကြ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ၊ ရ​ထား​သုံး​သောင်း​နှင့် မြင်း​ခြောက်​ထောင်​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​ရှိ​သော​လူ​များ​ကို​လည်း​ကောင်း စု​ဝေး​စေ​ပြီး​လျှင်၊ စစ်​ချီ​ဗေ​သ​ဝင် မြို့​အ​ရှေ့၊ မိတ်​မတ်​မြို့၌ တပ်​ချ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ