၂ ရာချုပ် 12:2Judson Bibleထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရောဗောင်မင်းကြီး နန်းစံငါးနှစ်တွင်၊ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကို ကြားစေခြင်းငှာ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့က ဣသရေလရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှာ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှားပြီဟု တစ်ယောက်ကိုတစ်ယောက် ဆိုလျက်၊
ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။
ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပေါ်၌ ဂမာလှေဖြင့်လည်းကောင်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်ကွဲပြားသောမြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတမန်တို့၊ သွားကြလော့။
သင်၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။