Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 12:12

Judson Bible

ထို​သို့​ရှင်​ဘု​ရင်​သည် ကိုယ်​ကို​နှိမ့်​ချ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မည် အ​ကြောင်း၊ အ​မျက်​တော်​ကို လွှဲ​တော်​မူ၏။ ယု​ဒ​ပြည်၌​လည်း၊ ပြည်​မှု​ပြည်​ရေး​သာ​ယာ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​မြို့​တွင် ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ရှိ​လျှင်၊ ဖျက်​ဆီး​တော်​မူ​မည်​လော။ ဖြောင့်​မတ်​သော​သူ ငါး​ဆယ်​ပါ​သော​မြို့​ကို သူ​တို့​အ​တွက်​မ​နှ​မြော​ဘဲ ဖျက်​ဆီး​တော်​မူ​မည်​လော။

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ယေ​ရော​ဗောင်​အ​မျိုး​သား​စု​တွင်၊ ထို​သူ​ငယ်​တစ်​ယောက်​တည်း​သာ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ယေ​ရော​ဗောင်​အ​မျိုး​သား​စု​တွင် ထို​သူ​ငယ်​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၌ ကြည်​ညို​သော​စိတ်​ရှိ၏။

ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​သို့ သွား​သော​အ​ခါ၊ ကိုယ်​ရံ​တော်​သား​တို့​သည် ဒိုင်း​တို့​ကို​ဆောင်၍၊ နောက်​တစ်​ဖန် မိ​မိ​တို့​စောင့်​ရာ​အ​ခန်း​မှာ ပြန်​ထား​ကြ၏။

သို့​သော်​လည်း၊ မင်း​ကြီး​သည် တစ်​ပြည်​လုံး​တွင်၊ အာ​ရှ​ရ​ပင်​တို့​ကို ပယ်​ရှား၍၊ ဘု​ရား​သ​ခင်​ကို​ရှာ​ခြင်း​ငှာ သ​ဘော​ချ​သော​ကြောင့်၊ ကျင့်​သော အ​ကျင့်​ကောင်း​ပါ​ပြီ​ဟု ဆို၏။

အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။

ထို​ပြည်၌ ဆယ်​ဖို့​တွင်​တစ်​ဖို့ ကြွင်း​သေး​သော်​လည်း၊ ထို​အ​ကြွင်း​သည် အ​ထပ်​ထပ်​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ ထင်း​ရှူး​ပင်​နှင့် သ​ပိတ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သစ်​ငုတ်​သည် ကြွင်း​သ​ကဲ့​သို့၊ သန့်​ရှင်း​သော​အ​နွယ်​သည် ထို​ပြည်၌ အ​ငုတ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။

ဆင်း​ရဲ​စေ​ချင်​သော စိတ်​နှင့် လူ​သား​တို့​ကို​ညှဉ်း​ဆဲ၍ ဝမ်း​နည်း​စေ​တော်​မူ​သည် မ​ဟုတ်။

အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား ပုန်​ကန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ပြစ်​လွှတ်​တော်​မ​မူ​ပါ။

ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ