Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 12:1

Judson Bible

ရော​ဗောင်​မင်း​သည် မိ​မိ​နိုင်​ငံ​ကို​တည်​စေ၍ အား​ကြီး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး ရှိ​သ​မျှ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စွန့်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ယု​ဒ​မြို့​ရွာ​တို့၌​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို ရော​ဗောင်​သည် အုပ်​စိုး​ရ​သေး၏။

ရှော​လ​မုန်​သား​ရော​ဗောင်​သည် ယု​ဒ​ပြည်​ကို စိုး​စံ​လေ၏။ နန်း​ထိုင်​သော​အ​ခါ အ​သက်​လေး​ဆယ်​တစ်​နှစ် ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ရာ​ဖို့ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​အ​ထဲ​က ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌ ဆယ်​ခု​နစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား အ​မ္မုန်​အ​မျိုး​သား၊ နေ​မ​အ​မည်​ရှိ၏။

တစ်​ယောက်​က၊ သူ​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သူ​တို့​သည်​စွန့်၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို မှီ​ဝဲ​လျက်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​မှု​အ​လုံး​စုံ​ကို ရောက်​စေ​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ယု​ဒ​အ​မျိုး​မူ​ကား၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တ​ရား​တော်​ကို​မ​စောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​လိုက်​သော ထုံး​စံ​ဓ​လေ့​သို့ လိုက်​ကြ၏။

ထို​သို့​သူ​တို့​သည် ယု​ဒ​နိုင်​ငံ​ကို အား​ပေး၍ ရှော​လ​မုန်​သား​ရော​ဗောင်​ကို သုံး​နှစ်​ပတ်​လုံး ခိုင်​ခံ့​စေ​ကြ၏။ သုံး​နှစ်​ပတ်​လုံး ဒါ​ဝိဒ်​လမ်း၊ ရှော​လ​မုန်​လမ်း​သို့ လိုက်​ကြ၏။

ပ​ညာ​သ​တိ​နှင့်​စီ​ရင်၍၊ ယု​ဒ​ခ​ရိုင်​နှ​င့် ဗင်္ယာ​မိန်​ခ​ရိုင် အ​ရပ်​ရပ်​တို့​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌၊ မိ​မိ​သား​တို့​ကို အ​နှံ့​အ​ပြား​နေ​ရာ​ချ၍၊ များ​စွာ​သော​ရိ​က္ခာ​ကို သို​ထား၏။ မ​ယား​အ​များ​တို့​ကို အ​လို​ရှိ၏။

သင်​သည် ရှော​လ​မုန်​သား ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​နှင့် ယု​ဒ​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်၌​ရှိ​သော ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊

ရော​ဗောင်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့၌ ကိုယ်​ကို​ခိုင်​ခံ့​စေ၍ စိုး​စံ​သေး၏။ ရော​ဗောင်​သည် နန်း​ထိုင်​သော​အ​ခါ အ​သက်​လေး​ဆယ်​တစ်​နှစ် ရှိ၏။ ထာ၀​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စ​ရာ​ဖို့၊ ဣ​သ​ရေ​လ ခ​ရိုင်​များ​တို့​အ​ထဲ​က ရွေး​ကောက်​သာ ယေ​ရု​ရှ​လင်​မြို့၌၊ ဆယ်​ခု​နစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား အ​မ္မုန်​အ​မျိုး​သား၊ နေ​မ​အ​မည်​ရှိ၏။

သူ​တို့​သည် ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို​စွန့်၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို ဝတ်​ပြု​ကြ၏။ ထို​အ​ပြစ်​ကြောင့် အ​မျက်​တော်​သည် ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ သက်​ရောက်​လေ၏။

ဆိုး​ယုတ်​သော​အ​မျိုး၊ ဒု​စ​ရိုက်​ဝန်​ကို ထမ်း​ရွက်​သော​လူ​စု၊ မ​တ​ရား​သ​ဖြင့်​ပြု​သော​အ​နွယ်၊ ဖောက်​ပြန်​သော သား​သ​မီး​ပါ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​ရို​မ​သေ​ပြု​၍ ပယ်​ကြ​ပြီ။ ကျော​ခိုင်း​၍ ခွာ​သွား​ကြ​ပြီ။

ယ​ခု​ဖြစ်​သော အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင်​ခြင်​ကြ​လော့။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တော​ကဲ့​သို့​လည်း​ကောင်း၊ မှောင်​မိုက်​နိုင်​ငံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ဖူး​သ​လော။ ငါ၏​လူ​တို့​က၊ ငါ​တို့​သည် အ​ရပ်​ရပ်​သို့ လည်​မည်။ ကိုယ်​တော်​ထံ​သို့ နောက်​တစ်​ဖန် မ​ချဉ်း​ကပ်​ဟု အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။

ဧ​ဖ​ရိမ်​သည် နှုတ်​မြွက်​သော​အ​ခါ သူ​တစ်​ပါး​ကြောက်​လန့်​တတ်၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ မြင့်​မြတ်၏။ နောက်​တစ်​ဖန် ဗာ​လ​ဘု​ရား​အား​ဖြင့် ပြစ်​မှား​သော​ကြောင့် သေ၏။

အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။

သို့​ရာ​တွင်၊ ယေ​ရှု​ရုန်​သည် ဆူ​ဝ၍ ခြေ​နှင့်​ကန်​လေ၏။ ဆူ​ဝ​လျက်၊ တုတ်​လျက်၊ ဆီ​ဥ​နှင့်​ပြည့်​စုံ​လျက်​နေ​သ​ဖြင့်၊ ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို စွန့်၍၊ ကယ်​တင်​ရာ​ကျောက်​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။

သင်​ဖြစ်​ရာ​မူ​လ​အ​မြစ်​ကို သင်​မ​မှတ်​မိ။ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို သင်​မေ့​လျော့​ပြီ။

သူ​တို့​သည် ထွက်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ လက်​တော်​အ​ဆီး​အ​တား​နှင့် တွေ့၍ အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ