Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၂ ရာ​ချုပ် 11:3

Judson Bible

သင်​သည် ရှော​လ​မုန်​သား ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​နှင့် ယု​ဒ​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်၌​ရှိ​သော ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဤ​သူ​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဆယ်​နှစ်​မျိုး​ဖြစ်၏။ ဤ​စ​ကား​သည်​လည်း သူ​တို့​အ​ဘ​မြွက်​ဆို၍၊ သူ​တို့​အ​သီး​အ​သီး​ခံ​ရ​သော​မင်္ဂ​လာ​ရှိ​သည်​အ​တိုင်း၊ ကောင်း​ချီး​ပေး​သော​စ​ကား​ပေ​တည်း။

ယ​နေ့​တိုင်​အောင် ရှေး​ထုံး​စံ​ဓ​လေ့​သို့ လိုက်​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ရာ​မ​ရောက်။ ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်။ ဣ​သ​ရေ​လ​အ​မည်​ဖြင့်​သ​မုတ်​သော ယာ​ကုပ်​အ​မျိုး​သား​တို့၌ ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ညတ်​တ​ရား​တို့​ကို​မ​ကျင့်​ဘဲ​နေ​ကြ၏။

သို့​ရာ​တွင် ယု​ဒ​မြို့​ရွာ​တို့၌​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို၊ ရော​ဗောင်​သည် အုပ်​စိုး​ရ​သေး၏။

သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ရှေ​မာ​ယ​သို့​ရောက်၍၊

သင်​တို့​ညီ​အစ်​ကို​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ၍​မ​သွား​ကြ​နှင့်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ ပြန်​သွား​ကြ​လော့။ ဤ​အ​မှု​ကို​ငါ​စီ​ရင်​ပြီ​ဟု မိန့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်၍၊ ယေ​ရော​ဗောင်​ကို စစ်​မ​ချီ၊ ပြန်​သွား​ကြ၏။

မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို ရေး​ထား​ပြီး​မှ၊ နံ​နက်​စော​စော​ထ၍၊ တောင်​ခြေ​ရင်း၌​ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​နှင့်​အ​မျှ ကျောက်​တိုင် တစ်​ဆယ်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​လေ၏။

ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ၏။ ဣ​သ​ရေ​လ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။ ဟေ​ဗြဲ​လူ​မှ​ဆင်း​သက်​သော ဟေ​ဗြဲ​လူ​စစ် ဖြစ်၏။ တ​ရား​အား​ဖြင့် ဖာ​ရိ​ရှဲ​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ