ထိုနောက်၊ အဗရှလုံသမီး မာခါနှင့်စုံဖက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလောမိတ်တို့ကို မြင်ရ၏။
ယုရှ၊ ရှမာရိ၊ ဇာဟံ၊ သားသုံးယောက်တို့ကို မြင်ရ၏။
ရောဗောင်သည် ခင်ပွန်း တစ်ဆယ်ရှစ်ယောက်၊ မောင်းမမိဿံ ခြောက်ဆယ်တို့ကိုသိမ်းယူ၍၊ သားနှစ်ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမမိဿံအပေါင်းတို့ထက် သာ၍ချစ်သောကြောင့်၊
ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယေရောဗောင်မင်းကြီး နန်းစံဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့၌မင်းပြု၍၊
ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ ဂိဗာမြို့သား ဩရေလ၏သမီး မာခါအမည်ရှိ၏။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက်သော အကြောင်းအရာဟူမူကား၊
ရှောလမုန်သား ရောဗောင်။ ရောဗောင်သား အဘိယ။ အဘိယသား အာသ။-