ထိုသို့သူတို့သည် ယုဒနိုင်ငံကို အားပေး၍ ရှောလမုန်သားရောဗောင်ကို သုံးနှစ်ပတ်လုံး ခိုင်ခံ့စေကြ၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလမုန်လမ်းသို့ လိုက်ကြ၏။
ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ်သမီး မဟာလတ်၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလနှင့် စုံဖက်၍၊
ရောဗောင်မင်းသည် မိမိနိုင်ငံကိုတည်စေ၍ အားကြီးသောအခါ၊ ဣသရေလအမျိုး ရှိသမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကို စွန့်၍၊
အို ဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အို ယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသောစိတ်သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း ဖြစ်၏။